ဆုမွန်၊ မေလ ၆ ရက်၊ တောင်ကြီး
ရှမ်းတောင် တောင်ကြီးမြို့မှာရှိတဲ့ Peter ဘားဆိုင်တစ်ခုမှာ ဆိုင်ရှင်က ဝန်ထမ်းအမျိုးသမီးငယ်ကို သေတဲ့အထိ ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဟာ တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ Peter ဘားဆိုင်တစ်ခုမှာ အလုပ်လုပ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၄ ရက်က ဆိုင်ရှင် ရိုက်နှက်မှုကို ခံရပြီး သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
“တရားခံကို မမိသေးဘူး။ အဲဒီအမျိုးသမီးက ဘားမှာ အလုပ် လုပ်နေတာ။ ကြားမိတာကတော့ အဲမိန်းကလေးက သူ့ကိုအသိမပေးလို့ ဘားမှာလာတဲ့ ဧည့်သည်ကပေးတဲ့ မုန့်ဖိုး ယူမိလို့တဲ့။ ဘားပိုင်ရှင်ကလည်း အရင်က ညောင်ရွှေဘက်မှာ ဘားဆိုင်လား ဘာဆိုင်လဲ မသိဘူး သူဖွင့်ဖူးတယ် “
ရိုက်နှက်မှုကြောင့် အမျိုးသမီးငယ်ရဲ့ မျက်နှာ၊ လက်နဲ့ ဝမ်းဗိုက်ပိုင်းမှာ ညိုမဲဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးသွားတယ်လို့ ပြောပါတယ်။
အဲဒီ Peter ဘားပိုင်ရှင်ဖြစ်တဲ့ အောင်မျိုးသူဟာ မနေ့ မေလ ၅ ရက် မနက်ပိုင်းမှာ အိမ်ကနေ ဆိုင်ကယ်နဲ့ ထွက်ပြေးသွားခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက ၎င်းကို လက်ရှိအချိန်ထိ လိုက်လံ ရှာဖွေနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးငယ်ဟာ ညောင်ရွှေမြို့နယ် မင်းချောင်းလယ်ရွာမှာ နေထိုင်သူဖြစ်တယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။