ရွှေဖီမြေ၊ မေလ ၅ ရက်၊ ပန်ဆန်း
“ဝ”တပ်မတော်- UWSA ထိန်းချုပ်နယ်မြေထဲ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားကို “ဝ”ပြည် တရားစီရင်ရေးကော်မတီ- WSP က ဆက်တိုက်ဖမ်းဆီးကာ တရုတ်ပြည်ဘက် ပြန်ပို့နေပြီး ၄ လအတွင်း တရုတ်နိုင်ငံသား ၆၀၂ ဦး ပြန်ပို့နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မနေ့ မေလ ၄ ရက်မှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၂၉ ဦးကို တရုတ်ရဲဆီ လွှဲပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်ကလည်း တရုတ်နိုင်ငံသား ၄၇ ဦးကို ပြန်ပို့နိုင်ခဲ့ပြီး တရုတ်နိုင်ငံသားတွေကို မန်ခါနဲ့ မုန်းအာ နယ်စပ်ဂိတ်ကနေတင့် တရုတ်ရဲထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
WSP အနေနဲ့ တရုတ်နိုင်ငံသားတွေကို ပြည်ပြန်ဖို့ လမ်းကြောင်းတွေ ဖွင့်လှစ်ပေးပြီး တရားမဝင် ဝင်ရောက်လာတဲ့သူတွေအနေနဲ့ ပြည်ပြန်ပြီး “ဝ”ဒေသထဲ တရားဝင်လမ်းကြောင်းနဲ့ ပြန်ဝင်လာနိုင်ကြောင်း ဖော်ပြထားပါတယ်။
“ဝ”တပ်က ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကနေ ဒီနေ့ ၂၀၂၆ မေလအထိ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၈၈,၀၅၅ ဦး ပြည်ပြန်ပို့နိုင်ခဲ့ပြီလို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။