ဓာတ်ပုံ – Wa News Land

ဆုမွန်၊ မေလ ၂ ရက်

ကိုးကန့်တပ်မတော်-MNDAA နဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်- UWSAတို့ ထိန်းချုပ်ထားတဲ့ ဒေသမှာ တရုတ်က မြန်မာပိုင်နက်ထဲ ကျူးကျော်လာပြီး ခြံစည်းရိုးအသစ် တည်ဆောက်နေကြောင်း ဖြစ်စဉ်သိရှိသူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သူတို့လုပ်တာ မကြာသေးဘူး။ ၁ လ ၂လလောက်ပဲရှိမယ်။ခြံစည်းရိုးအဟောင်းကို သူတို့မဖြတ်ဘူး။ အမတို့မြင်တွေ့နေရတာက အဆင့် ၃ ဆင့်ပြန်လုပ်ထားတယ်။ ပထမခြံစည်းရိုးက အသစ်တိုးချဲ့ပြီး အနောက်မှာ အုတ်တံတိုင်း ပေအမြင့်ကြီးပဲ လူတစ်ရပ်စာလောက်‌ရှိတယ်။ အုတ်တံတိုင်းအမြင့်ကြီးပဲ။ ပြီးမှ အထဲမှာ မူလခြံစည်းရိုးရှိတယ်။ အဲဒီမူလခြံစည်းရိုးကလည်း သူတို့မဖြတ်ဘူး။ တကယ်လို့ သူတို့ခြံစည်းရိုးခံမဲ့နေရာတွေ နယ်မြေယူမယ့်နေရာတွေဆို တရုတ်တွေက သူတို့အလံစိုက်ထားတယ်”

တရုတ်ဘက်က နယ်စပ်ခြံစည်းရိုးအသစ် ကျုးကျော်လာတဲ့‌ နေရာတွေဟာ MNDAA ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော်၊ ကြူကုတ် (ပန်ဆိုင်း)၊ ရွှေလီနဲ့ UWSA ထိန်းချုပ်ထားတဲ့ နမ့်တစ် (မန်ခါး) တို့ ဖြစ်ပြီး ကိုးကန့်တပ်ထိန်းချုပ်နေရာမှာ တရုတ်က အများဆုံး ကျူးကျော်ဆောက်လုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် UWSA ထိန်းချုပ်ထားတဲ့ နမ့်တစ် (မန်ခါး) ဂိတ်ဘက်တွေဘက်မှာလည်း အရင်နေရာထက်ကျော်လာပြီး ခြံစည်းရိုးအသစ်ဆောက်လုပ်ထားတယ်လို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။

အဆိုပါ တရုတ်ဘက်က မြန်မာပိုင်နက်ထဲကို ကျူးကျော်လာပြီး ခြံစည်းရိုးအသစ် တည်ဆောက်ခဲ့ပေမဲ့ ကိုးကန့်တပ်ဖွဲ့နဲ့ “ဝ” တပ်ဖွဲ့တို့က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

လက်ရှိ တရုတ်ဘက်က ခြံစည်းရိုးကျူးကျော် ဆက်တိုက်တည်ဆောက်နေတာတွေကို လူမှုကွန်ရက်ကနေတစ်ဆင့်လည်း ဒေသခံတွေ ဖြန့်ဝေနေကြပေမယ့် တစ်စုံတစ်ရာတုံ့ပြန်ရဲကြခြင်း မရှိပါဘူး။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။