ဓာတ်ပုံ – Google

ရွှေဖီမြေ၊ မေလ ၁ ရက်

တစ်နေ့သာ အခြေခံလုပ်အားခအတွက် အနိမ့်ဆုံး ၂ သောင်းကျပ်ပေးဖို့ ဒီနေ့ မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ၁၃၆ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့မှာ မြန်မာနိုင်ငံအထွေထွေအလုပ်သမားအဖွဲ့ချုပ် ( FGWM) က အလုပ်ရှင်တွေထံ ထုတ်ပြန်တောင်းဆိုထားပါတယ်။

အလုပ်ရှင်တွေအနေနဲ့ တနေ့အလုပ်ချိန် ၈ နာရီအတွက် (အချိန်ပိုအလုပ်မပါ) လုပ်ခလစာ အနည်းဆုံး အခကြေးငွေ ၂ သောင်းကျပ် ပေးဖို့၊ လုပ်ငန်းခွင်အတွင်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့၊ ဘေးကင်းလုံခြုံတဲ့ အစီအမံတွေ လုပ်ဆောင်ပေးဖို့၊ အတင်းအဓမ္မ အလုပ်ခိုင်းစေတာတွေ မလုပ်ဖို့၊ နိုင်ငံခြားသား တိုက်ရိုက်ခိုင်းစေတာ မလုပ်ဖို့၊ ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေ ချက်ချင်းရပ်တန့်ဖို့၊ အမျိုးသမီး လုပ်သားတွေအတွက် လစဉ်သုံးပစ္စည်းတွေ အခမဲ့ ထောက်ပံ့ပေးဖို့နဲ့ အမျိုးသမီးလုပ်သားတွေ ကိုယ်ဝန်ဆောင်စဉ်နဲ့ ရာသီသွေးလာနေစဉ် စံချိန်သတ်မှတ်ချက်တွေနဲ့ မခိုင်းဖို့ ပါဝင်ပါတယ်။

ဒါ့အပြင် စက်ရုံ အလုပ်ရုံလုပ်ငန်းတွေမှာ တရုတ်(အိမ်ထောင်ဖက်)အဖြစ် အမျိုးသမီးလုပ်သားတွေကို ငွေကြေးမတ်လုံးပြ၊ နည်းလမ်းပေါင်းစုံနဲ့ သွေးဆောင်ဖျားယောင်းတာတွေ ချက်ချင်းရပ်တန့်ဖို့၊ အလုပ်သမားတွေကို ကိုယ်စားမပြုတဲ့ အတုအယောင် အလုပ်သမားအဖွဲ့အစည်း (Yellow Unions) ဖွဲ့စည်းတာတွေ မလုပ်ဖို့၊ အလုပ်သမားသမဂ္ဂတွေကို အာဏာရှင်လက်ကိုင်တုတ် အလုပ်သမားဝန်ကြီးဌာနမှာ အဓမ္မဖိအားပေး မှတ်ပုံတင်ခိုင်းတာနဲ့ အလုပ်သမားခေါင်းဆောင်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ယူတာတွေ ရပ်တန့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေအနေနဲ့လည်း စက်ရုံအလုပ်ရုံ လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းခွင်ချိုးဖောက်မှုတွေအပေါ် ထိထိရောက်ရောက် တာဝန်ယူပေးဖို့နဲ့ အလုပ်သမားတွေကို (အချိန်ပိုအလုပ်မပါ) တနေ့အလုပ်ချိန် ၈ နာရီအတွက် လုပ်ခလစာ အနည်းဆုံး အခကြေးငွေ ၂ သောင်းကျပ် ရရှိဖို့အတွက် ပူးပေါင်းပါဝင်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

စက်မှုဇုန်အလုပ်သမားတွေနဲ့ နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားတွေကို အဓမ္မစစ်မှုထမ်းစာရင်းသွင်း ပေါ်တာဆွဲတာတွေ ရပ်တန့်ဖို့ စစ်အာဏာရှင်ကို ဖိအားပေးဖို့၊ ပြည်တွင်းပြည်ပ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အလုပ်သမားတွေကိုယ်တိုင် ဦးဆောင်တဲ့ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ရှိဖို့၊ အလုပ်သမားဥပဒေတွေနဲ့အညီ ဘေးကင်းစွာ အလုပ်လုပ်ကိုင်ခွင့်ရရှိဖို့နဲ့ CDM ဝန်ထမ်းတွေကို အကူအညီပေးဖို့နဲ့ ပြည်သူ့ဝန်ထမ်းသမဂ္ဂတွေ အားကောင်းဖို့အတွက် ဝန်းရံပံ့ပိုးပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအင်အားစုတွေကို တိုက်တွန်းတောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်အနေနဲ့လည်း တိုင်းပြည်ဒီမိုကရေစီရရှိရေးနဲ့ လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေကိုယ်တိုင် ဦးဆောင်တဲ့ အလုပ်သမားသမဂ္ဂတွေ စုဖွဲ့နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။