ရွှေဖီမြေ၊ ဇန်နဝါရီ ၂၆ ရက်

အရပ်သားတွေ ဆေးကုနေတဲ့ တအာင်းတပ်- TNLA ထိန်းချုပ်ထားရာ ကျောက်မဲ ပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်တာကို ကန့်ကွက်ရှုတ်ချကြောင်း ကျန်းမာရေး မိသားစု မန္တလေး- MFM၊ တအာင်းပြည် ကျန်းမာရေးကောင်စီ- THC နဲ့ တခြားအဖွဲ့အစည်းတွေက ထုတ်ပြန်လာပါတယ်။

မနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ် ၂ နာရီ ဝန်းကျင်မှာ အရပ်သားတွေ ဆေးကုနေတဲ့ ကျောက်မဲ ပြည်သူ့ဆေးရုံပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြာင့် CDM ဆရာ ဆရာမ ၂ ဦးနဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့တဲ့အပြင် အရပ်သား ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ထိခိုက်သေဆုံးခဲ့သူရဲ့ မိသားစုနဲ့အတူ MFM နဲ့ THC က ဝမ်းနည်းကြေကွဲကြောင်း၊ တော်လှန်ရေးအင်အားစု၊ CDM ကျန်းမာရေး ဝန်ထမ်းနဲ့ ဆက်လက် လက်တွဲပြီး စစ်အာရှင် အမြစ်ပြတ်ဖို့အတွက် တိုက်ပွဲဝင်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။

ဒါ့အပြင် ကျောက်မဲ ပြည်သူ့ဆေးရုံကို ဗုံးကြဲတာဟာ စစ်တပ်က ဂျီနီဗာကွန်ဗန်းရှင်း၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်၊ လူသားချင်း စာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ဆေးရုံဆေးခန်းနဲ့ ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထားကာ တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုကို ထပ်မံ ကျူးလွန်တာလို့လည်း THC က ပြောပါတယ်။

အလားတူ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနကလည်း ဗုံးကြဲတိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသလို TNLA ကလည်း ကန့်ကွက်ကြောင်း ထုတ်ပြန်လာပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။