မိုင်းပန်ပျော်၊ ဧပြီ ၂၈ ရက်၊ နမ့်ခမ်း
TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကွန်လုံကျေးရွာမှာ လယ်ထွန်စက်တစ်စီးနဲ့ စက်ဘီး တိုက်မိပြီး ကလေးငယ် ၁ ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက် ညနေ ၄ နာရီခွဲအချိန် ရွာထဲကလမ်းမှာ မောင်းလာတဲ့ လယ်ထွန်စက်တစ်စီးကို စက်ဘီးစီးတဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးက ဝင်တိုက်ခဲ့မိတာ ဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ကလေးက စက်ဘီးစီးပြီး အိမ်ကနေ လမ်းမဘက်ကို ထွက်လာတာ။ ထော်လာဂျီက တည့်တည့်မောင်းလာတဲ့အချိန်မှာ ဝင်တိုက်မိတာ” လို့ သူက ပြောပါတယ်။
သေဆုံးသွားသူ ကလေးငယ်ကတော့ အသက် ၆ နှစ်အရွယ် စိုင်းနော်ဝမ်းလိုင်း ဖြစ်တယ်လို့ သိရပါတယ်။
တိုက်မိပြီးနောက် ကလေးငယ်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့မှာလည်း မူဆယ် ၁၀၅ မိုင်ဘက်မှာ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။