ဓာတ်ပုံ – WSP

ရွှေဖီမြေ၊ ဧပြီ ၂၃ ရက်

“ဝ” တပ်မတော် – UWSA က အွန်လိုင်းငွေလိမ်လည်မှု (ကျားဖျန့်) နဲ့ ဆက်စပ်သူ တရုတ်နိုင်ငံသား ၃၀ ဦးကို တရုတ်နိုင်ငံထံ ထပ်မံအပ်နှံလိုက်တယ်လို့ “ဝ” ပြည်တရားစီရင်ရေး ကော်မတီ – WSP က ဒီနေ့ ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ တရားခံ ၃၀ ဦးနဲ့အတူ ငွေလိမ်လည်ရာမှာ အသုုံးပြုတဲ့ စက်ပစ္စည်းကိရိယာတွေကို မြန်မာ – တရုတ်နယ်စပ်ဖြစ်တဲ့ ပန်ဆန်း (ပန်ခမ်း) မြို့ရှိ မုန်အာ (Meng’a) နယ်စပ်ဂိတ်ပေါက်အနေတစ်ဆင့် တရုတ်ဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

တရားခံ ၂၄ ဦးဟာ ကျားဖျန့်နဲ့ တိုက်ရိုက်ဆက်နွယ်မှုရှိတဲ့သူတွေဖြစ်ပြီး ကျန် ၆ ဦးဟာ “လစာကောင်းတယ်” ဟု လိမ်လည်လှည့်ဖြားခံရပြီး အတင်းစေခိုင်းခံရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

“ဝ” ပြည်တရားစီရင်ရေးကော်မတီဟာ ကျားဖျန့်အပေါ် “လုံးဝ သည်းခံမည်မဟုတ်” ဆိုတဲ့ မူဝါဒကို စွဲကိုင်ကာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေကို တင်းတင်းကြပ်ကြပ် နှိမ်နင်းနေပြီး ဘယ်လိုပြစ်မှုကျူးလွန်သူမဆို “ဝ” ဒေသထဲ လုံးဝနေထိုင်ခွင့်ပြုမှာ မဟုတ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဝ” ပြည်တရားစီရင်ရေးကော်မတီက မနေ့ ဧပြီ ၂၂ ရက်မှာလည်း ကျားဖြန့်နဲ့ ဆက်စပ်မှုရှိတဲ့ အမျိုးသား ၇ ဦးနဲ့ တရုတ်အလိုရှိတဲ့ တရားခံ ၂ ဦးကို တရုတ်ဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

ကျားဖြန့်နဲ့ ဆက်စပ်သူ တရုတ်နိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံကနေ “ဝ” ပြည်ထဲ တရားမဝင်ဝင်ရောက်လာတဲ့ ပြစ်မှုကျူးလွန်ထားသူတွေကို WSP က ဖမ်းဆီးပြီး ဆက်တိုက်ပြည်ပြန်ပို့နေသလို ၄ လအတွင်း တရုတ်နိုင်ငံသား ၆၀၀ နီးပါး ပြည်ပြန်ပို့နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

‎~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။