ရွှေဖီမြေ၊ ဧပြီ ၂၃ ရက်
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ စောနယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေအာမီ- KTLA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် KNLA ရဲဘော် ၄ ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး – KNU က ထုတ်ပြန်ထားပါတယ်။
မနေ့ ဧပြီလ ၂၂ ရက်နေ့ မနက်ပိုင်း ၄ နာရီဝန်းကျင်မှာ သရက်ချောင်းမြို့နယ် သမီးပေါ်သော(ဟင်းကပိ) ကျေးရွာအတွင်းကို လုံခြုံရေးယူနေတဲ့ KNLA တပ်ရင်း (၁၂)မှ ရဲဘော်တွေကို KTLA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တဲ့အပြင် KNLA တပ်ရင်း (၁၂) မှ ရဲဘော် ၄ ဦးလည်း ကျဆုံးခဲ့ဝာယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၄ ရက်ကလည်း သရက်ချောင်းမြို့နယ် သမီးပေါ်သောကျေးရွာနဲ့ ကနဲဃော(ပျားသားချောင်း) ကျေးရွာအကြားမှာ KTLA အဖွဲ့က KNLA တပ်ဖွဲ့တွေကို ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် KNLA တပ်မဟာ(၄) ရဲ့ ရဲဘော် ၅ ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီကစ္စနဲ့ပတ်သက်ပြီး KTLAဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။