ရွှေဖီမြေ၊ ဧပြီ ၁၇ ရက်
စစ်တပ်က အာဏာသိမ်းပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော် သမ္မတဦးဝင်းမြင့်ကို ဦးမင်းအောင်လှိုင်အမိန့်နဲ့ ဒီနေ့ ဧပြီ ၁၇ ရက်မှာ ပြန်လည်လွှတ်မြောက်လာပြီ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ ပြည်သူရွေးချယ်တင်မြှောက်ခဲ့တဲ့ သမ္မတ ဦးဝင်းမြင့်ကို မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က ဖမ်းဆီးခဲ့ပြီး အဂတိအမှု ၄ မှုအပြင် ပုဒ်မ ၁၃၀ (က) တို့နဲ့ စွဲချက်တင်ခံရကာ ထောင်ဒဏ် ၉ နှစ်နဲ့ ၆ လ ချမှတ်ခံခဲ့ရပါတယ်။
သမ္မတ ဦးဝင်းမြင့် ၅ နှစ်ကျော်ကြာ အကျဉ်းချခံရပြီးနောက် ၂၀၂၆ ခုနှစ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူး ရယူပြီး ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီနေ့ ဧပြီ ၁၇ ရက်မှာ သမ္မတဦးဝင်းမြင့်အပါအဝင် အကျဉ်းသူ၊ အကျဉ်းသား ၄၃၃၅ ဦးကိုလည်း သမ္မတရာထူး ရယူထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်အမိန့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။