ဓာတ်ပုံ – Local

ရွှေဖီမြေ၊ မတ်လ ၂၉ ရက်

‎လားရှိုးမြို့မှာ ဒေသခံတွေ ကိုယ်ထူကိုယ်ထ ဖမ်းဆီးရမိပြီး ရဲထဲအပ်ခဲ့တဲ့ သူခိုး ၂ ဦး ပြန်လွတ်လာပြီး ထပ်ခိုးလို့ ထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎မတ်လ ၁၉ ရက်မှာ လားရှိုးမြို့ ရပ်ကွက် ၁၁ နေခြည်ကျောင်းအနီးက နေအိမ်ထဲ မီးစက်နဲ့ မီးကြိုး ဖြုတ်ဖို့လုပ်နေတဲ့ သူခိုး ၂ ဦးကို ရပ်ကွက်နေ လူထုတွေက လိုက်ဖမ်းခဲ့ပြီး ရဲလက်ထဲအပ်ခဲ့တဲ့ သူခိုး ၂ ဦးကို မတ်လ ၂၅ ရက်မှာ ရပ်ကွက် ၇ အတွင်း ပြန်လည်ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

‎ရပ်ကွက် ၁၁ နေ အမျိုးသမီးက “အဲနှစ်ယောက်က ဟိုနေ့ကမှ ဖမ်းမိထားတဲ့လူတွေဘဲ ကောင်းကောင်းမှတ်မိတယ်။ သက်ဆိုင်ရာက ပြန်လွတ်ပေးလို့နေမှာပါ” လို့ ပြောပါတယ်။

‎၎င်းဖမ်းမိခဲ့တဲ့သူ ၂ ဦးနဲ့အတူ ဘထ္ထရီအိုး ၂ လုံး၊မီးစက်၊ ရွှေဆွဲကြိုး၊ ငွေကျပ် တစ်သိန်း စတာတွေကိုလည်း သက်ဆိုင်ရာက တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

‎လားရှိုးမှာ စစ်ကောင်စီတပ် ပြန်လည်အုပ်ချုပ်ပြီး ခိုးမှု၊ လုယက်မှုနဲ့ ပြန်ပေးဆွဲမှုတွေ ပေါများနေပေမဲ့ သက်ဆိုင်ရာက ဖမ်းဆီးအရေးယူနိုင်တာ မရှိခဲ့တဲ့အပြင် ပြန်လွတ်ပေးတာတွေလည်းရှိနေကြောင်း ဒေသခံတွေက ဆိုပါတယ်။

‎ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လကလည်း လားရှိုးမြို့ ရပ်ကွက် ၁၂ မှာ သူခိုး ၂ ဦးကို ဒေသခံတွေက ကိုယ်ထူကိုယ်ထ ဖမ်းမိခဲ့ဖူးပါတယ်။

‎ဒါ့အပြင် လက်ရှိအချိန်အထိ လားရှိုးမြို့မှာ ခိုးမှု၊ ပြန်ပေးစွဲမှု၊ လုယက်မှု၊ ဓါးပြတိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေသလို လောင်းစကားရုံတွေ ပေါများလာပြီး မူးယစ်ဆေးဝါးလည်း အလွယ်တကူရနေတာကို တွေ့နေရပါတယ်

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။