ရွှေဖီမြေ၊ မတ်လ ၂၆ ရက်၊ ကောလင်း
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ မတ်လ ၂၆ ရက်မှာ ထုတ်ပြန်လာပါတယ်။
မနေ့ မတ်လ ၂၅ ရက် ညနေ ၅ နာရီဝန်းကျင်မှာ တံတာဦးတက် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပြီး အရပ်သား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ်တွေလည်း အများအပြား ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၅ ရက် ညနေပိုင်းမှာလည်း စစ်ကောင်စီတပ်က ကောလင်းမြို့နယ် ရွှေဘို-မြစ်ကြီးနားအနီးရှိ ကချင်ကုန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး ကိုယ်ဝန်သည် ၁ ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်းက ရှမ်းကုန်းရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကောလင်းမြို့နယ်အတွင်းရှိ အရပ်သားပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို အဓိကထားပြီး အသိသတိရှိစွာ နေထိုင်ကြဖို့နဲ့ လူစုလူဝေးမပြုလုပ်ကြဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။