ယာရူစိင်၊ မတ်လ ၂၆ ရက်၊ မိုင်းကိုင်
ရှမ်းတောင် မိုင်းကိုင်မြို့နယ်မှာ သစ်ပင်ပိရာကနေ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရတယ်လို့ ဒီဖြစ်စဉ်ကို သိရှိထားသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက” အဲဒီအဖွားက သစ်ပင်တွေရဲ့ အနားတဝိုက်မှာ မြက်ရှင်းနေတာ။ သူ့သားက သစ်ပင်ခုတ်လိုက်တဲ့အချိန်နဲ့ ကွတ်တိဖြစ်သွားတာ။ သူ့အမေကို အဲဒီသစ်ကိုင်းထိပြီး ဦးခေါင်းပေါက်သွားတာ။ သွေးထွက်လွန်ပြီးသေသွားတာ”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်မှာ မိုင်းကိုင်မြို့နယ်က တအာင်း(ရူစိင်)တွေ နေထိုင်တဲ့ ဘာင်ဝဲန်ကျေးရွာမှာ ခြံရှင်းရင်း သစ်ပင်ခုတ်ပြီး ကျိုးကျခဲ့တာကြောင့် အသက် ၆၃ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“သစ်ကိုင်းဖိပြီးတဲ့အချိန်က သတိမေ့သွားတာ။ တောင်ပေါ်ဒေသဆိုတော့ အချိန်အခါ ဗဟုသုတအားနည်းတာကြောင့်လည်း ပါတာလေ။ ဆေးရုံခေါ်သွားဖို့ ရွာကလူတွေကို အရင်သွားခေါ်တာ။ ကြားထဲ အချိန်ကလည်း အချိန် ၁ နာရီလောက်ကြာမှ ရောက်လာတာလေ”
အဲဒီဒေသတွေမှာ အသိပညာအားနည်းတာကြောင့် အထက်ပါအမျိုးသမီးဟာ အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့တာလို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။
အဲနေရာဒေသတွေမှာ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPPက သွားလာလှုပ်ရှားတဲ့နေရာဒေသတွေ ဖြစ်ကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။