ဓာတ်ပုံ- Local

ရွှေဖီမြေ၊ မတ်လ ၂၂ ရက်၊ ကွတ်ခိုင်

‎ကွတ်ခိုင်မြို့နယ် မုံးစီး၊ တက္ကနိုင်းနဲ့ တာမိုးညဲဒေသရှိ တအာင်းကျေးရွာတွေကို ကိုးကန့်တပ်- MNDAA က ယူနီဖောင်း ဝေပေးပြီး စစ်မှုထမ်းခိုင်းနေတယ်လို့ မုံးစီးဒေသခံ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ဒီနေ့ မတ်လ ၂၂ ရက် မနက်မှာ ကွတ်ခိုင်မြို့နယ် မုံးစီးဒေသရှိ ကောင်းနိမ်၊ ပြိန်းလုံ၊ မန်ဂျယ်၊ ကောင်းခမ်း၊ နမ့်မော၊ နမ့်ဆာ စတဲ့ရွာတွေမှာ တစ်ရွာကို ၂ ဦးနှုန်းနဲ့ MNDAA ယူနီဖောင်းပေးပြီး စစ်မှုထမ်းရမယ်လို့ ဆိုပါတယ်။

‎မုံးစီးဒေသခံ အမျိုးသားက “မသွားမနေရပုံစံလိုဘဲ။ သူတို့တပ်ထဲတော့ သွားစရာ မလိုသေးဘူး။ ဝတ်စုံဝတ်ပြီး ရွာထဲ နေရုံဘဲလို့တော့ ပြောထားတယ်” လို့ ပြောပါတယ်။

‎ဒါ့အပြင် တာမိုးညဲဒေသမှာလည်း စစ်မှုထမ်းဖို့ ပြောဆိုတာရှိကြောင်း တာမိုးညဲဒေသခံက ပြောဆိုပါတယ်။

‎”ဒီဒေသက ရွာကလူတွေ တော်တော်များများကို သူတို့အဖွဲထဲ အတင်းအဓမ္မ ဝင်ခိုင်းနေတယ်။ စစ်ယူနီဖောင်းတွေ လိုက်ပေးတယ်။ ရွာကလူတွေက မလွန်ဆန်ရဲကြဘူး။ ယူရတယ်”

‎ဒါ့အပြင် တက္ကနိုင်းဒေသက လူထုတွေကိုလည်း စစ်ယူနီဖောင်း ပေးပြီး ရွာစောင့်တပ်သားအဖြစ် နေထိုင်ကြဖို့ MNDAA က ပြောဆိုထားကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎အစည်းအဝေးခေါ်ပြီး စစ်ယူနီဖောင်း ဝေပေးချိန် မယူတဲ့ ရွာခံတွေကိုလည်း ဖမ်းဆီးထားတာရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

‎အလားတူ ကွတ်ခိုင်မြို့နယ်ရှိ ကျေးရွာအုပ်စုတွေမှာလည်း MNDAA က ကျေးရွာအတွင်းနဲ့ စာသင်ကျောင်းမှာ တအာင်းအလံ ဖြုတ်ခိုင်းဖို့နဲ့ ကျေးရွာအဝင် ဆိုင်းဘုတ်တွေ ပြောင်းဖို့ အစည်းအဝေးခေါ်ပြီး ပြောဆိုခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။