ဓာတ်ပုံ – KNU

ရွှေဖီမြေ၊ ဇန်နဝါရီ ၂၃ ရက်၊ ကျိုက်ဒုံ

ကရင်ပြည်နယ် ကျိုက်ဒုံမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးပြီး နေအိမ်တချို့လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး- KNU က ဒီနေ့ ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။

မနေ့ ဇန်နဝါရီ ၂၂ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ Yak-130 Jet Fighter နဲ့ ကျိုက်ဒုံမြို့ မီးသတ်ရုံးအနီးက ရော်ဘာခြံမှာ ဗုံးလာကြဲတာကြောင့် ရော်ဘာခြစ်ပြီး ပြန်လာတဲ့ ကျိုက်ဒုံမြို့ အမှတ်(၃) ရပ်ကွက် ချောင်းဝပိုင်းမှာ နေထိုင်တဲ့ ဒေါ်ဒဝယ်မခေါ် ဒေါ်ညိုညိုဝင်းကို ထိမှန်သေဆုံးခဲ့ပြီး မီးသတ်ရုံးအနီးပတ်ဝန်းက နေအိမ်တချို့လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက် မနက် ၂ နာရီခန့်မှာလည်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ KNU ထိန်းချုပ်နယ်မြေ နို့တကောမြို့နယ် ယော့ကဒေါရွာကို ဗုံးကြဲခဲ့တာကြောင့် ယော့ကဒေါရွာက စာသင်ကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက် နေ့လယ် ၃ နာရီမှာလည်း KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်မြို့နယ်ကို စစ်တပ်က ဒရုန်းဗုံးကြဲလို့ ဦးဇင်းတစ်ပါး ပျံလွန်တော်မူပြီး ဦးဇင်းတစ်ပါးနဲ့ ဒေသခံ ၁ ဦး ဒဏ်ရာ ရခဲ့တယ်လို့ KNU ရဲ့ မနေ့ ဇန်နဝါရီ ၂၂ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

လူထုတွေ နေထိုင်တဲ့ ကျေးရွာတွေကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းနဲ့ ဗုံးကြဲတာ၊ မြေပြင်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ပြီး လူ့အခွင့်အရေးနဲ့ စစ်ရာဇဝတ်မှုကို နေ့စဥ် ကျူးလွန်နေတယ်လို့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။