ဓာတ်ပုံ- ကန္တာရဝတီတိုင်း(မ်)

မိုင်းရူပ၊ ဇန်နဝါရီ ၂၃ ရက်၊ ဖယ်ခုံ

ရှမ်းတောင်နဲ့ ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေး အင်အားစုတို့အကြား တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက် နေ့လယ် ၃ နာရီခန့်မှာ ဖယ်ခုံအခြေစိုက် စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဖယ်ခုံအရှေ့ဖက်ရှိ နန်းပလုံရွာမှာ ၂ လုံးနဲ့ လွယ်ပေါရွာမှာ ၁ လုံး ကျကွဲခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။

“စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်တဲ့အတွက် လွယ်ပေါကျေးရွာက ကိုယ်ဝန်ဆောင်မိခင်တစ်ဦး စိုးရိမ်ဒဏ်ရာ ရခဲ့တယ်။ အရပ်သား ၂ ဦးလည်း ဒဏ်ရာ ရခဲ့တယ်” လို့ KNDF ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်ဟာ မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်ဖို့ ဖယ်ခုံမြို့ကနေ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပါတယ်။

မိုးဗြဲမြို့ရဲ့ နေရာအများစုကို ကရင်နီ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်နိုင်ပေမဲ့ မြို့အနီးမှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၄၄၂ ကျန်ရှိနေပါတယ်။

စစ်တပ်ဘက်ကတော့ မိုးဗြဲမြို့တိုက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။