မတ်လ ၁၆၊ နမ့်ခမ်း
ကိုးကန့်တပ်-MNDAAနဲ့ပူးပေါင်းအဖွဲ့ဟာ တအာင်းတပ်-TNLAထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကို ယနေ့ မတ်လ ၁၆ရက်နေ့ညမှာ ဝင်ရောက်တိုက်ခိုက်သိမ်းယူဖို့ လုပ်ဆောင်ထားတယ်လို့ တိကျခိုင်မာတဲ့ သတင်းအရင်းမြစ်ထံ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
“အဖွဲ့ကတော့ ၃ဖွဲ့လောက်ပါတယ်။ အခုဖြစ်စဉ်က ဝိုင်းချတဲ့သဘော။ ဒါမဲ့ ဒီညကတော့ ကိုးကန့်ဝတ်စုံနဲ့ ဝင်လာလိမ့်မယ်”လို့ ဆိုပါတယ်။
ဒါပေမယ့် ဘယ်အချိန်ဝင်တိုက်မလဲဆိုတာကိုတော့ အတိအကျမရထားဘူးလို့ ဆိုပါတယ်။
လက်ရှိ ကိုးကန့်တပ်ဟာ ကွတ်ခိုင်ကိုသိမ်းယူပြီး နမ့်ခမ်းဘက် ဆက်လက်ထိုးစစ်ဆင်ဖို့ ပြုလုပ်နေပြီး နမ့်ခမ်း-နမ့်ဖက်ကာကြား ၁၂မိုင်ရှိ တအာင်းတပ်ဂိတ်ကိုလည်း ဒရုန်းနဲ့ အပြင်းအထန်ထိုးစစ်ဆင်နေပါတယ်။
ဒါ့အပြင် နမ့်ခမ်း-မူဆယ်ကြားရှိ ဆယ်လန့်မှာလည်း တပ် SSPP၊ KIA၊ ပြည်သူ့စစ်တွေပါရောက်ရှိနေပြီး ဆယ်လန့်ရွာထိပ်မှာတော့ ကိုးကန့်တပ်ရောက်ရှိပြီး နောက်ပြန်လှည့်သွားတယ်လို့ စုံစမ်းသိရပါတယ်။
နမ့်ခမ်းမြို့သိမ်းယူပြီးရင် နမ္မတူဘက်ကိုလည်း ဆက်လက်ထိုးစစ်ဆင်မယ်လို့ အဲသတင်းအရင်းမြစ်က ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။