ဓာတ်ပုံ – SRA

ရွှေဖီမြေ၊ မတ်လ ၁၆ ရက်

ကိုးကန့်တပ်- MNDAA နဲ့ တအာင်းတပ်- TNLA တို့အကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခကိုလက်နက်ကိုင်နည်းလမ်းနဲ့ မဖြေရှင်းကြဘဲ တွေ့ ဆုံဆွေးနွေး‌ရေးနဲ့ အဖြေရှာကြဖို့ ‌နွေဦးတော်လှန်ရေး မဟာတပ်ပေါင်းစု(SRA) က ထုတ်ပြန် တောင်းဆိုထားပါတယ်။

လက်ရှိ အချင်းချင်းကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေခြင်းဟာ သက်ဆိုင်ရာအဖွဲ့အစည်း နှစ်ခုတည်းသာ ထိခိုက်ခြင်းမဟုတ်ဘဲ လက်ရှိတော်လှန်ရေး လုပ်နေတဲ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက်ပါ အကျိုးသက်ရောက်မှုရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အချင်းချင်းကြား ဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခတွေကို လက်နက်ကိုင်နည်းလမ်းနဲ့ မဖြေရှင်းကြဘဲ တွေ့ ဆုံဆွေးနွေးအဖြေရှာကြပေးဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးတွင်းမှာ ညီနောင်မဟာမိတ်(၃)ဖွဲ့နဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်ပြီး စစ်အာဏာရှင်စနစ်ကို ခြေမှုန်းခွင့်ရခဲ့တဲ့အတွက် ၎င်းတို့ နွေဦးတော်လှန်ရေး အင်အားစု‌တွေအနေနဲ့ အစဥ်အမြဲ ဂုဏ်ယူလျတ်ရှိပါတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အလားတူ တအာင်းအရပ်ဘက် အဖွဲ့အစည်းများကွန်ရက်(TCSO)၊ အထူးဒေသ (၁) ကျန်းမာရေးအင်အားစု၊ CDM ကျန်းမာရေးအင်အားစု၊ ကျန်းမာရေးမိသားစု (မန္တလေး)၊ မကွေးဒေသ တော်လှန်ရေးအင်အားစုများ ကွန်ရက်နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC စတဲ့ အဖွဲ့တွေလည်း တွေ့ဆုံဆွေးနွေးရေးနဲ့ ဖြေရှင်းကြပေးဖို့ ‌ထုတ်ပြန်တောင်းဆိုထားကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။