ဆုမွန်၊ နမ့်ဖတ်ကာ၊ မတ် ၁၄ ရက်
ကချင်တပ်မတော်-KIA ထိန်းချုပ်ထားတဲ့ နမ့်ဖတ်ကာကျေးရွာမှာ ကိုးကန့်တပ်မတော် MNDAA က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဒီနေ့ မတ်လ ၁၄ ရက် မနက် ၁၁ နာရီခွဲမှာ ကိုးကန့်တပ်က တအာင်းတပ် TNLA ရဲ့ နမ့်ဖတ်ကာမြို့ ရပ်ကွက် ၃ မှာရှိတဲ့ တအာင်းတပ်ရဲ့ အုပ်ချုပ်ရေးရုံးကို ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ကိုးကန့်တွေက ဒရုန်းနဲ့လာပစ်တယ်။ အုပ်ချုပ်ရေးရုံးရဲ့အပေါ်နားက အိမ်တစ်အိမ်ထိသွားပြီး ဦးလေးတယောက်ရဲ့ခြေထောက်လည်း ထိသွားတယ်။ အခုနေအိမ်လည်းမီးလောင်နေတုန်းပဲ”
ဒါ့အပြင် တအာင်းတပ်-TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကိုလည်း ကိုးကန့်တပ်-MNDAAက စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့ထဲလက်နက်ကြီး ပစ်ခတ်တာတွေလည်း ရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။