ဓာတ်ပုံ – CJ

ပျားကြီး၊ ဇန်နဝါရီ ၂၃ ရက်၊ မတ္တရာ

မတ္တရာမြို့နယ်မြောက်ဖက်ခြမ်း ထန်းပင်ကုန်းနဲ့ ကင်းရွာကို စစ်ကောင်စီတပ်က ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းနဲ့ ဇန်နဝါရီ ၂၂ ရက် မနက်အစောပိုင်းကစပြီး လက်နက်ကြီး ပစ်ခတ်မှုကို နေရာအနှံ့ကနေလုပ်ဆောင်နေတာဖြစ်ပြီး ကျေးရွာထဲအထိ ကျရောက်ပေါက်ကွဲမှု ရှိနေတာ ဖြစ်ပါတယ်။

“လူထိခိုက်တာတော့ မကြားရသေးဘူး။ ရွာတွေမှာက လူသိပ်မရှိတော့ဘူးလေ။ အိမ်တွေပေါ်တည့်တည့် ကျတာ။ လူရှိနေရင်တော့ မလွယ်ဘူး။ တစ်နေကုန် ပစ်နေတာ” လို့ ထန်းပင်ကုန်းရွာခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က ၈၀ မမနဲ့ ၁၂၀ မမ ပါဝင်တဲ့ လက်နက်ကြီး ပစ်ခတ်မှုကို မတ္တရာနဲ့ မန္တလေးတိုင်း ပုသိမ်ကြီး စတဲ့မြို့နယ်တွေမှာရှိတဲ့ အထိုင်ချ တပ်စွဲထားတဲ့ နေရာပေါင်း ၁၀ နေရာထက်မနည်းကနေ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းမှာလည်း လက်နက်ကြီး ပစ်ခတ်မှုပေါင်း ၁၅ ကြိမ်ထက်မနည်း ရှိခဲ့ပြီး မနေ့ ဇန်နဝါရီ ၂၂ ရက် မနက်အစောပိုင်းကနေ ညနေပိုင်းအထိ အကြိမ်ပေါင်း ၃၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတစ်ဦးက အတည်ပြု ပြောဆိုပါတယ်။

ဒါ့အပြင် မနေ့မှာပဲ မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး မြွေသစ်တောရုံးနဲ့ မြွေဥဒိန်ရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့မနက်ပိုင်းကစပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)နဲ့ စစ်တပ်တို့အကြား ထန်းပင်ကုန်းရွာအနီးဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖက်က စစ်အင်အား ဖြည့်တင်းမှု အလုံးအရင်းနဲ့ ပြုလုပ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)က မနေ့ညနေပိုင်းမှာ ထုတ်ပြန်တာကို တွေ့ရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။