အလင်း၊ မတ်လ ၉ ရက်၊ ဖလမ်း

ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ စစ်ကောင်စီရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ၃ ရက်အတွင်း လူငယ်နဲ့ကျောင်းသူအပါအဝင် အရပ်သား ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ များခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ မတ်လ ၈ ရက်က ဖလမ်းမြို့နယ် လုံဟော့ကျေးရွာ AG ဘုရားကျောင်းအနီးရှိ နေအိမ်တစ်လုံးကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုကြောင့် အသက် ၁၉ နှစ်အရွယ် ကျောင်းသူ Mai Ruth Van Lal Tha Nei Thiang သေဆုံးခဲ့ပြီး မိခင်ဖြစ်သူလည်း စိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့ပါတယ်။

“ကျောင်းသူက အိမ်မှာ ထမင်းချက်နေတဲ့အချိန် ဒရုန်းဗုံးသီး ထိမှန်ပြီး နေရာလေးတင် ဆုံးသွားပါတယ်။ အမေဖြစ်သူလည်း ခြေ လက်တွေမှာ စိုးရိမ်ဒဏ်ရာ ရတယ်။ လောလောဆယ် ဆေးကုသမှု ခံယူနေပါတယ်” လို့ ဖလမ်းဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အလားတူ မတ်လ ၇ ရက်ကလည်း ဖလမ်းမြို့နယ် ဆိမ်ဇောလ်ရွာကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ရာကနေ ပစ္စည်းပြန်ယူတဲ့ အသက် ၁၄ နှစ်အရွယ် မောင်သီယန်နွန်ထန်း နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

“လူငယ်တွေက စစ်ဘေးရှောင်ရာကနေ ရွာမှာ ပစ္စည်းသွားယူကြတာ။ အဲမှာ စစ်ကောင်စီ လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးသွားတယ်။ တခြားလူငယ် ၂ ဦးလည်း ဒဏ်ရာ ရကြတယ်” လို့ ဖလမ်းဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဆိမ်ဇောလ်ရွာမှာ ပြီးခဲ့တဲ့ မတ်လ ၆ ရက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၆၄ နှစ်အရွယ် ဒေါ်ကိမ်နွမ် သေဆုံးခဲ့ပြီး ၎င်းရဲ့သမီးဖြစ်သူက ခြေထောက်မှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်တပ်ဟာ ဖလမ်းမြို့နယ်မှာ စစ်ရေးအရ အထိနာနေတာကြောင့် တိုက်ပွဲမရှိတဲ့ အရပ်သားနေထိုင်ရာ ကျေးရွာတွေကိုပါ ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ဒရုန်း အသုံးပြုပြီး တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကျေးရွာပေါင်း ၁၃ ရွာခန့်မှ ဒေသခံ ၅ ထောင်ကျော်ဟာ တောတောင်အတွင်း ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။