ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဇန်နဝါရီ ၂၂ ရက်၊ ခမ်းပတ်

စစ်ကိုင်းတိုင်း တမူးမြို့နယ် ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဇန်နဝါရီ ၂၀ ရက်က ၁ ကြိမ်၊ ဇန်နဝါရီ ၂၁ ရက် ၁ ကြိမ်နဲ့ ဒီနေ့ ဇန်နဝါရီ ၂၂ ရက် မနက် ၁၀ နာရီမှာ ၁ ကြိမ် သုံးရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

“လေကြောင်းကနေ ဗုံးက နေ့တိုင်းလိုလို ကြဲပါတယ်။ အဲဒါကြောင့် လူတွေက မြို့ထဲမနေရဲတော့ဘူး။ အကုန်လုံး ထွက်ပြေးကုန်ကြပါပြီ။ မြို့ထဲမှာ ကျန်ရစ်တဲ့သူတွေလည်း ဗုံးကြဲခံရမှာကို ကြောက်လို့ ပုန်းခိုကျင်းထဲမှာပဲ ပုန်းနေရပါတယ်” လို့ ခမ်းပတ်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် ခမ်းပတ်ဒေသခံတွေဟာ မြန်မာ-အိန္ဒိယနယ်စပ်နဲ့ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး အမိုးအကာ၊ နေရာထိုင်ခင်း အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

ခမ်းပတ်မြို့ကို သုံးရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားနေအိမ်နဲ့ ဆိုင်ကယ် ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

“ဇန်နဝါရီလ ၂၀ ရက်နေ့က နေအိမ် ၅ လုံး၊ ဆိုင်ကယ် ၃ စီး ပျက်စီးသွားတယ်။ ဒီနေ့လည်း ခမ်းပတ်မြို့ အမှတ်(၄) ရပ်ကွက်ဘက် ဗုံးသီး ငါးလုံး ကျတယ်။ ထိခိုက်မှုအခြေအနေက မကြည့်ရဲလို့ မသိရသေးဘူး။ ထိခိုက်မှုက ရှိနိုင်ပါတယ်” လို့ ခမ်းပတ်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဇန်နဝါရီ ၁၆ ရက်ကလည်း ခမ်းပတ်မြို့ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးအပါအဝင် နှစ်ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ် ၂၀ ထက်မနည်း ထိခိုက်ပျက်စီးသွားပါတယ်။

ခမ်းပတ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။