ရွှေဖီမြေ၊ မတ်လ ၆ ရက်၊ မိုင်းကိုင်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က ရှမ်းတောင် မိုင်းကိုင်မြို့နယ် နောင်စံဖူးကျေးရွာအုပ်စု လွယ်ခွုင်ကျေးရွာ ဘုန်းကြီးကျောင်း မီးလောင်လို့ ကျောင်းထဲ ရှိနေတဲ့ ကိုရင်ငယ် ၄ ပါး ပျံလွန်တော်မူခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မီးဟာ ဘုန်းကြီးကျောင်းရဲ့ မီးဖိုချောင်ထဲ လောင်ကျွမ်းခဲ့တာဖြစ်ပြီး အထဲမှာ အိပ်ပျော်နေတဲ့ ကိုရင်တွေ လောင်ကျွမ်းခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောပါတယ်။

“ကိုရင် ၄၊ ၅ ပါးက အဲထဲ အိပ်ပျော်နေတဲ့အချိန် ညဘက်မှာ မီးလောင်သွားတာ။ မီးက အရှိန်များတော့ ကိုရင်တွေ ပြန်မထွက်နိုင်ကြဘူး အကုန်ပါသွားတယ်။ တစ်ပါးကတော့ ဆေးရုံမှာ သေဆုံးသွားတယ်”

သေဆုံးသွားတဲ့ ကိုရင်လေးတွေဟာ အသက် ၁၀ နှစ်ခန့်သာ ရှိသေးပြီး ကျေးရွာက သူတို့ကို မီးသဂြိုလ်ပေးခဲ့ကြပြီး ဒဏ်ရာ ရရှိသူကတော့ ၁ ပါး ရှိတယ်လို့ ဆိုပါတယ်။

မီးလောင်ကျွမ်းမှုဟာ မီးဖိုကနေတဆင့် လောင်ကျွမ်းခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

နွေရာသီ ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ မီး အထူးသတိထားကြဖို့ လူမှုကူညီရေးအသင်းနဲ့သက်ဆိုင်ရာတွေက သတိပေးနှိုးဆော်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။