ရွှေဖီမြေ၊ မတ်လ ၅ ရက်
ကရင်အမျိုးသားအစည်းအရုံး- KNU ကော်သူးလေအုပ်ချုပ်နယ်မြေ မြိတ်ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ်မှာ ကရင်တပ်မတော်- KNLA ရဲ့ စစ်ကြောင်းကို ကော်သူလေးတပ်မတော်- KTLA က ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် KNLA ရဲဘော် ၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
မနေ့ မတ်လ ၄ ရက် နေ့လယ် ၃ နာရီမှာ ဗိုလ်အယ်ခွီးခေါ် ကော်လားဖိုး ဦးဆောင်တဲ့ KTLA အဖွဲ့ဟာ သမီးပေါ်သောနဲ့ ပျားသားချောင်းရွာကြား KNLA တပ်သားတွေကို ခြုံခိုတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
KNLA တပ်သားတွေ ရှေ့တန်းမှာ အင်အားဖြည့်ဖို့ သွားနေစဉ် လမ်းမှာ KTLA တပ်က ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် KNLA တပ်မဟာ(၄)၊ တပ်ရင်း(၁၂)က ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာလည်း KNU တပ်မဟာ(၄) KNLA တပ်ဖွဲ့နဲ့ KTLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ဖူးပါတယ်။
အဆိုကိစ္စနဲ့ပတ်သက်ပြီး KTLA ဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။