ဓာတ်ပုံ- UKHK

ရွှေဖီမြေ၊ မတ်လ ၅ ရက်၊ ဟိုပင်

‎ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ ဓားပြ တိုက်ခံရပြီး ၆ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း မြို့ခံအမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ဟိုပင်ဈေးအနီး မြသာယာရပ်ကွက်မှာ နေထိုင်တဲ့ မိသားစု ၅ ဦးနဲ့အတူ အိမ်အကူ အမျိုးသမီး ၁ ဦးတို့ဟာ ဒီနေ့ မတ်လ ၅ ရက် မနက်အစောပိုင်းမှာ သတ်ဖြတ်ခံရတာပဲ ဖြစ်ပါတယ်။

‎မြို့ခံအမျိုးသမီးက “ဈေးနားက ရပ်ကွက်မှာဖြစ်တာ။ အိမ်နီးနားချင်းတွေက အသံကြားတယ်ပြောတယ်။ ဘယ်သူမှ သွားမကြည့်ရဲဘူး။ ဒီမြို့မှာက ရှုပ်နေလို့လေ။ မိုးလင်းမှ အိမ်နီးနားချင်းက သက်ဆိုင်ရာတွေကို သွားပြောကြတာ အသံကြားရတဲ့အကြောင်းပေါ့” လို့ ပြောပါတယ်။

‎သတ်ခံရသူတွေဟာ အသက် ၄၀ ဝန်းကျင် လင်မယားနဲ့ အသက် ၁၀ နှစ်အောက် ကလေး ၃ ဦးအပြင် အသက် ၃၀ ကျော် အိမ်အကူ အမျိုးသမီးတစ်ဦးတို့ ဖြစ်ပါတယ်။

‎ဓားပြ တိုက်ခံခဲ့ရပြီးတော့ သတ်ဖြတ်ခံခဲ့ရတာဖြစ်ကြောင်း အထက်ပါ အမျိုးသမီးက ပြောဆိုပါတယ်။

‎”ဒီမနက် သက်ဆိုင်ရာတွေ ဝင်စစ်တော့ တကယ်အသတ်ခံထားရတာပေါ့။ သူတို့ ရွှေတွေ၊ ပိုက်ဆံတွေလည်း ယူသွားတယ်လို့ ပြောတယ်”

‎လက်ရှိမှာတော့ ၎င်းတို့ရဲ့ ရုပ်အလောင်းတွေကို ရဲတပ်ဖွဲ့က မိုးကောင်းမြို့နယ်ဘက် သယ်ဆောင်သွားခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ကချင်ပြည်နယ် ဖားကန့်မြို့မှာလည်း လတ်တလော တိုက်ပွဲ ဖြစ်ပွားနေတဲ့အပြင် သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာနဲ့ သေဆုံးတဲ့ ပိုင်ရှင်မဲ့အလောင်းတွေလည်း မကြာခဏ တွေ့နေရကြောင်း မြို့ခံတွေက ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။