သုတ၊ မတ်လ ၅ ရက်၊ မိုးကုတ်

တရုတ်အကူအညီနဲ့ စစ်ကောင်စီတပ် ပြန်ရခဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ပေမဲ့ ရှမ်းမြောက် မိုးမိတ်မြို့မှာတော့ ၃ လကျော် ကြာတဲ့အထိ မလည်ပတ်နိုင်သေးဘဲ မြေပြင်မှာလည်း ပစ်ခတ်မှု ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်မြို့မှာ ဆေးရုံကို စစ်ကောင်စီက ယာယီရုံး ဖွင့်လှစ်ထားသလို ဒေသခံတွေကိုလည်း မှတ်ပုံတင် ပြုလုပ်ပေးတာ တွေ့ရပြီး တခြားဌာနဆိုင်ရာတွေကိုတော့ ဖွင့်လှစ်တာ မတွေ့ရသေးဘူးလို့ မိုးကုတ်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မှတ်ပုံတင်ကို ဆေးရုံမှာ လုပ်ပေးတာ။ လူတွေကတော့ ကြိတ်ကြိတ်တိုးပဲ။ တခြားဌာနက ဖွင့်တာ မတွေ့ရသေးဘူး။ မိုးကုတ်အရှေ့ပိုင်းမှာက လက်နက်သံတွေ မကြားရတော့ဘူး”

မိုးမိတ်မြို့မှာတော့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား ထိတွေ့တိုက်ပွဲ ဆက်ဖြစ်နေပြီး မြို့တွင်းထဲ အုပ်ချုပ်ရေးလုပ်ငန်း လည်ပတ်နိုင်တာ မတွေ့ရသေးဘူးလို့ မိုးမိတ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အုပ်ချုပ်ရေးက အခုထိ မဝင်သေးဘူး။ ကျနော့်အထင်တော့ မလွယ်သေးဘူး။ အခုက မြို့ပြင်မှာ လက်နက်သံတွေပဲ”

မိုးမိတ်မြို့ပြင်မှာ ကချင်တပ်မတော်- KIA နဲ့ တော်လှန်ရေးတပ်တွေ တပ်စွဲထားပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်တပ်ရဲ့ ထိုးစစ်ကြောင့် မိုးမိတ်မြို့ပြင်က နေရာတချို့ လက်လွှတ်ခဲ့ရတာ ရှိတယ်လို့ မိုးမိတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလမှာ မိုးကုတ်-မိုးမိတ် စစ်ဒေသအတွင်း တိုက်ပွဲပေါင်း ၁၇ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးရပ်ဝန်း မလည်ပတ်နိုင်အောင် အဓိက တိုက်ခိုက်သွားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့မိုးကုတ်မြို့ထဲ ဝင်ရောက် ထိန်းချုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။