ဓာတ်ပုံ- KNU

ရွှေဖီမြေ၊ ဇန်နဝါရီ ၂၂ ရက်၊ မူး

စစ်ကောင်စီတပ်က ဒရုန်းဗုံးကြဲတာနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး- KNU/KNLA ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူ (ညောင်လေးပင်ခရိုင်) ညောင်လေးပင်မြို့နယ်က ဦးဇင်းတစ်ပါး ပျံလွန်တော်မူပြီး ဦးဇင်းတစ်ပါးနဲ့ ဒေသခံတစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ KNU က ဒီနေ့ ဇန်နဝါရီ ၂၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

မနေ့ ဇန်နဝါရီ ၂၁ ရက် နေ့လယ် ၃ နာရီက ညောင်လေးပင်မြို့နယ် ရေကြည်ချောင်းရွာအခြေစိုက် စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွင်းဒလကြီးရွာ တောရကျောင်း၊ သစ်ကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးပဏ္ဏဝ (သက်တော် ၅၀ နှစ်)က ပျံလွန်တော်မူပြီး ဦးတေဇ (သက်တော် ၄၉ နှစ်)ကတော့ ဘယ်ဘက်ပေါင်နဲ့ မှော်ဖျားရွာမှ ၃၅ နှစ်အရွယ် ကိုမင်းထက်က လက်မောင်းတွေမှာ ကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ အဲဒီနေ့မနက် ၁၀ နာရီမှာပဲ စစ်ကောင်စီရဲ့ ပိန်းဇလုပ် ၂၆၄ တပ်ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ပျဉ်ရေရွာအနောက်ဘက်ကမ်းရွာထဲ ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက် မနက် ၆ နာရီမှာလည်း မူးမြို့နယ် ခိုဖလလေးခို တပ်စခန်းက စစ်သားတွေဟာ တရေခိုရွာမှ ၂၅ နှစ်အရွယ် စောဟန်နေထူး၊ ၂၃ နှစ်အရွယ် စောဘုဘေ၊ ၁၈ နှစ်အရွယ် စောဒါးဒါးတို့ကို ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက် ညနေ ၆ နာရီမှာလည်း လယ်ဒိုမြို့နယ် ကွမ်းချောင်းဝကနေ စစ်တပ်က ပစ်ခတ်တဲ့ ၁၂၀ မမ လက်နက်ကြီးတစ်လုံးဟာ တောကြောင်ပေါက်ရွာအနီး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။