ဓာတ်ပုံ- KNU

ရွှေဖီမြေ၊ ဇန်နဝါရီ ၂၂ ရက်၊ မူး

စစ်ကောင်စီတပ်က ဒရုန်းဗုံးကြဲတာနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး- KNU/KNLA ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူ (ညောင်လေးပင်ခရိုင်) ညောင်လေးပင်မြို့နယ်က ဦးဇင်းတစ်ပါး ပျံလွန်တော်မူပြီး ဦးဇင်းတစ်ပါးနဲ့ ဒေသခံတစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ KNU က ဒီနေ့ ဇန်နဝါရီ ၂၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

မနေ့ ဇန်နဝါရီ ၂၁ ရက် နေ့လယ် ၃ နာရီက ညောင်လေးပင်မြို့နယ် ရေကြည်ချောင်းရွာအခြေစိုက် စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွင်းဒလကြီးရွာ တောရကျောင်း၊ သစ်ကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးပဏ္ဏဝ (သက်တော် ၅၀ နှစ်)က ပျံလွန်တော်မူပြီး ဦးတေဇ (သက်တော် ၄၉ နှစ်)ကတော့ ဘယ်ဘက်ပေါင်နဲ့ မှော်ဖျားရွာမှ ၃၅ နှစ်အရွယ် ကိုမင်းထက်က လက်မောင်းတွေမှာ ကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ အဲဒီနေ့မနက် ၁၀ နာရီမှာပဲ စစ်ကောင်စီရဲ့ ပိန်းဇလုပ် ၂၆၄ တပ်ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ပျဉ်ရေရွာအနောက်ဘက်ကမ်းရွာထဲ ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက် မနက် ၆ နာရီမှာလည်း မူးမြို့နယ် ခိုဖလလေးခို တပ်စခန်းက စစ်သားတွေဟာ တရေခိုရွာမှ ၂၅ နှစ်အရွယ် စောဟန်နေထူး၊ ၂၃ နှစ်အရွယ် စောဘုဘေ၊ ၁၈ နှစ်အရွယ် စောဒါးဒါးတို့ကို ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက် ညနေ ၆ နာရီမှာလည်း လယ်ဒိုမြို့နယ် ကွမ်းချောင်းဝကနေ စစ်တပ်က ပစ်ခတ်တဲ့ ၁၂၀ မမ လက်နက်ကြီးတစ်လုံးဟာ တောကြောင်ပေါက်ရွာအနီး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။