ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၈ ရက်

တအာင်းတပ်- PSLF/TNLA က တရုတ်ပြည်မှာ စစ်ကောင်စီနဲ့ သွားရောက်ကာ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတဲ့ BBC ရဲ့ သတင်းဖော်ပြချက်ဟာ မှန်ကန်မှု မရှိကြောင်း တအာင်းတပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က သူ့ရဲ့ Facebook လူမှုကွန်ရက်မှာ ရေးသားလာပါတယ်။

အဲဒီသတင်းကို BBC က ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ်ပိုင်းမှာ ဖော်ပြထားတာဖြစ်ပြီး သတင်းဖော်ပြချက်ထဲ စစ်တပ်က PSLF/TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို ပြန်လည် တောင်းယူပြီး တအာင်းတပ်ဖက်က သဘောမတူတာကြောင့် ဆွေးနွေးပွဲ မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဗိုလ်ချုပ် တားဘုန်းကျော်က “မိမိတို့ရဲ့ ခေါင်းဆောင်ကိုယ်စားလှယ်တွေ ဖေဖော်ဝါရီလ ၂၀ ရက်ကနေ ၂၇ ရက် ကာလအတွင်း တရုတ်နိုင်ငံ ကူမင်းမြို့ ဘယ်ခရီးစဉ်မှ မရှိပါ။ သတင်းရေးကြသူများက ရေးချင်သလို ရေးနေကြခြင်းသာ” လို့ BBC ရဲ့ သတင်းဖော်ပြချက်ကို မျှဝေပြီး ဖော်ပြခဲ့ပါတယ်။

PSLF/TNLA က စစ်ကောင်စီထံ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး တရုတ်ကြားဝင်စေ့စပ်ပေးမှုနဲ့ မိုးကုတ်နဲ့မိုးမိတ်မြို့ကို စစ်ကောင်စီထံ ပြန်လည် လွှဲအပ်ခဲ့ကာ လက်ရှိမှာ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းငေါ့နဲ့ မိုင်းလုံမြို့ကို ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။