မိုင်းအရှိုင်း၊ ဖေဖော်ဝါရီ ၂၈ ရက်၊ တန့်ယန်း
ရှမ်းမြောက် တန့်ယန်းမြို့နယ် ဟုန်ပန်းကျေးရွာမှာ “ဝ”တပ်မတော်- UWSA က တပ်ဖွဲ့ဝင် ၈၀ ဦးကို တစ်ရက်အတွင်း မင်္ဂလာဆောင် အခမ်းအနား ပြုလုပ်ပေးတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေပါတယ်။
အဲဒီလက်ထပ်ပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ကျင်းပခဲ့တာဖြစ်ပြီး UWSA ရဲ့ ဗဟိုက ထိပ်တန်းတာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့တယ်လို့ UWSA နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဟုတ်တယ် အဲဒါ တန့်ယန်းဖက်မှာ လုပ်သွားတာ။ “ဝ”ပြည်နယ် ဗဟိုဖက်က တာဝန်ရှိသူတွေလည်း တက်ရောက်တယ်ပေါ့နော်။ ပေါက်အိုက်ခမ်းကိုယ်တိုင်လည်း တက်ရောက်တယ်”
UWSA ဗဟိုက ဖေဖော်ဝါရီလအတွင်း အခမ်းအနား ကြီးကျယ်စွာ ပြုလုပ်ခြင်း၊ ဇိမ်ခံခြင်း၊ အများရှေ့မှာ သုံဖြုန်းခြင်းကို ရှောင်ရှားဖို့ မင်္ဂလာလက်ထပ်ပွဲ ရိုးရိုးရှင်းရှင်းလုပ်ဖို့ တပ်ဖွဲ့ဝင်အဆင့်ဆင့်ထံ ညွှန်ကြားပြီးတဲ့နောက် အခုလို တပ်ဖွဲ့ဝင် ၈၀ ဦးအတွက် တစ်ရက်အတွင်း လက်ထပ်ပွဲ ကျင်းပပေးခဲ့တာပဲ ဖြစ်ပါတယ်။
“ဝ”တပ်ဖွဲ့က အခုလို တပ်သားတွေကို တစ်ရက်အတွင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ပေးလေ့ရှိတဲ့အဖွဲ့ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။