ဓာတ်ပုံ – တိုင်းနေ နာရေးကူညီမှုအသင်း

ယာရူစိင်း၊ ဇန်နဝါရီ ၂၂ ရက်၊ ကျိုင်းတုံ

ရှမ်းအရှေ့ ကျိုင်းတုံမြို့မှာ မီးလောင်မှု ဖြစ်ပွားရာကနေ အိမ်ရှင်အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

မနေ့ ဇန်နဝါရီ ၂၁ ရက် မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက် နောင်ခေ့ရွာမှာ နေထိုင်တဲ့ အိမ်ရှင်ဖြစ်သူ ဦးအောင်နိုင် သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “မီးလောင်လို့ အိမ်တစ်ခုလုံး ပြာကျသွားခဲ့ရပါတယ်။ သူလည်း မီးလောင်တာ မတွေ့တာလား မဟုတ်ရင် အိပ်ပျော်တာလားတော့ မသိဘူး။ ဘာကြောင့် မီးလောင်မှု ဖြစ်သွားလဲတော့ သေချာမသိရပါဘူး။ သတင်းတွေ အမျိုးမျိုးထွက်တာဘဲ လျှပ်စစ်မီး ဝါယာကြိုး ရှော့လ်ဖြစ်တာ ပိုများမယ်လို့ ကျနော်ထင်တယ်” လို့ ပြောပါတယ်။

မီးဟာ အချိန်ကြာမြင့်စွာ လောင်ကျွမ်းတာကြောင့် ကျိုင်းတုံခရိုင်နဲ့ မြို့နယ်မီးသတ်စခန်းမှ ယာဉ် ၁ စီးအပါအဝင် မီးငြိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၁ စီးနဲ့ ငြှိမ်းသတ်ခဲ့ရာ မနက် ၄ နာရီကျော်ဝန်းကျင်မှ မီးငြှိမ်းသွားကြောင်း တာချီလိတ် သတင်းအေဂျင်စီမှာ ရေးသားထားပါတယ်။

သေဆုံးသူရဲ့ အလောင်းကို တိုင်းနေ နာရေးကူညီမှုအသင်းက သွားရောက် သယ်ဆောင်ပြီး ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။