ဓာတ်ပုံ – Google

ပျားကြီး၊ ဇန်နဝါရီ ၂၂ ရက်၊ ပုသိမ်

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့အနီးက တိုက်ပွဲကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၉ ရက်ကတည်းက စတင်ခဲ့တဲ့ အာရက္ခတပ်တော်- AA နဲ့ စစ်ကောင်စီတပ်အကြား ရွှေသောင်ယံမြို့အနီးက တိုက်ပွဲကြောင့် ရွှေသောင်ယံ၊ ငွေသောင်ယံ၊ ချောင်းသာ စတဲ့ပင်လယ်ကမ်းခြေမြို့က ဒေသခံတွေဟာ နေ့စဥ်နဲ့အမျှ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

“အခုက မြို့တွေတိုင်းမှာ လူက အနည်းစုပဲ ကျန်တော့မယ်။ ငွေကြေး တတ်နိုင်တဲ့သူတွေကတော့ အကုန်ထွက်သွားကြပြီ။ ချောင်းသာဖက်က လူတွေပါ ထွက်ကုန်ကြပြီ။ အဲဒီမှာလည်း ၃ ပုံ ၁ ပုံလောက်ပဲ ကျန်တော့တယ်” လို့ ရွှေသောင်ယံမြို့ခံတစ်ဦးက ပြောပါတယ်။

မကျီးဇင်ရဲကင်းစခန်း တိုက်ခိုက်သိမ်းပိုက်မှုနဲ့ စတင်ခဲ့တဲ့ ဧရာဝတီတိုင်းအတွင်းက အာရက္ခတပ်တော်နဲ့ စစ်တပ်ကြားက တိုက်ပွဲဟာ နေ့စဥ်နီးပါး ရှိနေတာကြောင့် ဒေသခံတွေဟာ သာပေါင်း၊ ပုသိမ်နဲ့ ရန်ကုန်မြို့ဖက် ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အနောက်တောင် တိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ ပုသိမ်မြို့နဲ့ မိုင် ၃၀ ဝန်းကျင်အထိ ရောက်ရှိလာတဲ့ စစ်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံ စစ်ဘေးရှောင်ရဲ့ မော်တော်ယာဥ်တန်းဟာ ချောင်းသာ-ပုသိမ်နဲ့ ပုသိမ်-ရန်ကုန် ကားလမ်းပေါ်မှာ ယာဥ်ကြော ပိတ်ဆို့မှု ဖြစ်တဲ့အထိ ရှိနေတာကို တွေ့ရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။