ဆုမွန်၊ ဖေဖော်ဝါရီ ၂၄ ရက်၊ မိုးကုတ်

မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဘောလုံးလေးဘက်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက တကောင်းနဲ့ မိုးမိတ်ကြားမှာ ၃ ရက်အကြာ ပျောက်ဆုံးနေပြီး မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက် မနက် ၇ နာရီဝန်းကျင်မှာ မန္တလေးတိုင်း တကောင်းမြို့နဲ့ ရှမ်းမြောက် မိုးမိတ်မြို့အကြားမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မိသားစုဝင်တစ်ဦးက “သူနဲ့ အမေက ကျ‌နော့်ညီမဆီ သွားလည်တာ။ ဆိုင်ကယ်နဲ့ သွားတာပေါ့နော်။ အမေကို ညီမလေးဆီသွားပို့ပြီး နောက်ရက်မှာတော့ မိုးကုတ်မှာ သူအလုပ်ကိစ္စရှိတယ်ဆိုပြီး ပြန်သွားတယ်။ ၂၁ ရက်နေ့ မနက်အထိ တကောင်းမှာပဲ သူရှိသေးတယ်။ အဲဒီ ၂၁ ရက် ည ၇ နာရီ ရောက်‌‌တော့ ညီမက ဖုန်းဆက်လာပြီး အဖေအိမ်ပြန်ရောက်ပြီလား မေး‌တော့ ပြန်မရောက်သေးဘူးလို့ ကျနော်ပြောတယ်။ အဲချိန်ကနေစပြီး တစ်လျှောက်လုံး အဆက်အသွယ်ပြတ်တော့တာပဲ”လို့ ပြောပါတယ်။

ပျောက်ဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၅၄ နှစ်ရှိ ဦးသန်းဝင်းဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်ကတည်းက တကောင်းမြို့ဘက်သို့ သမီးဖြစ်သူဆီကို သွားလည်ခဲ့ရာကနေ အပြန်မှာပဲ ပျောက်ဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မိုးမိတ်မြို့နဲ့ ‌တကောင်းမြို့အကြားမှာ စစ်‌ကောင်စီတပ်အပြင် တော်လှန်ရေးတပ်တွေလည်း သွားလာနေတာဖြစ်ပြီး စစ်ရေးလည်း တင်းမာနေကြတဲ့ နေရာဖြစ်နေပါတယ်။

အဲဒီအမျိုးသားပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး မိသားစုဝင်တွေက လိုက်လံရှာဖွေနေကြပြီး တွေ့ရှိသူတွေလည်း အကြောင်းကြားပေးဖို့ တောင်းဆိုထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။