ဓာတ်ပုံ – မြင်းမူမြို့နယ် မီးဘေးလုံခြုံရေး

ရဲမာန်၊ ဖေဖော်ဝါရီ ၂၄ ရက်၊ မြင်းမှု

စစ်ကိုင်းတိုင်း မြင်းမှုမြို့နယ် ရွှေကျောင်းကန်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၂ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ၉ ဦးသေဆုံးခဲ့တယ်လို့ မြင်းမူမြို့နယ် မီးဘေးလုံခြုံရေး တာ၀န်ခံက ရွှေဖီမြေကို ပြောပြပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၃ ရက် ည ၇ နာရီဝန်းကျင်မှာ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တက် ပါရာမော်တာ ၂ စီးနဲ့ ဗုံး ၃ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

“ကျေးရွာအ၀င်လမ်းက Starlink ဆိုင်နှင့် ဆီကြိတ်စက်ရှိတဲ့ နေရာတွေကို ကြဲသွားတာပါ။ သေဆုံးသူ‌တွေက Starlink Wifi အသုံးပြုနေတဲ့ အရပ်သားနဲ့ ကျေးရွာ ဆီကြိတ်စက်က လုပ်ငန်းလုပ်နေသူတွေပါ။ ကလေးနှစ်ဦးထဲက ၁ ဦးက (၂)နှစ်လို့ သိရှိထားရပါတယ်”

အဆိုပါဗုံးကြဲတိုက်ခိုက်မှုမှာ ကလေး ၂ ဦး၊ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ သေဆုံးခဲ့ရတဲ့အပြင် နွား ၂ ကောင်လည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

“စစ်‌ရေး၊ နိုင်ငံ‌ရေး နှစ်ဖက်လုံးရှုံးနေပြီဖြစ်တဲ့ စစ်ကောင်စီတပ်က ပြည်သူတွေအပေါ် လေကြောင်းနဲ့ ခြိမ်းခြောက်မှုပြုလုပ်‌နေတယ်လို့ မြင်မိပါတယ်။ ပြည်သူတွေအနေနဲ့ လည်း လေကြောင်းအသိ လေကြောင်းသတိရှိဖို့ စကား‌ပါးလိုက်ချင်တယ်” လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။

အလားတူ မနေ့ ဖေဖော်ဝါရီ ၂၃ ရက် ည ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က မန္တလေးတိုင်း ငါးဇွန်မြို့နယ် တလင်းကုန်းကျေးရွာကို ဂျိုင်ရိုကော်ပါတာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၈ နှစ်အရွယ်ကလေး ၁ ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးခဲ့ရတယ်လို့ Monywa Revolution -MR က ထုတ်ပြန်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။