ရဲမာန်၊ ဖေဖော်ဝါရီ ၂၁ ရက်၊ မြောင်
စစ်ကိုင်းတိုင်း မြောင်မြို့နယ် နဘက်စံပြကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် TGR မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်က မနေ့ ဖေဖော်ဝါရီ ၂၀ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တက် ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းက “အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရတာပါ။ အိမ် ၂ လုံးလည်း လုံးလုံးပျက်စီးသွားတယ်” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက် ည ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကို ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် မနက် ၇ နာရီ ၄၅ မိနစ်မှာလည်း စစ်ကောင်စီတပ်က မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံးတစ်လုံး၊ ရော့ကဒ် ၆ လုံး ကြဲချတိုက်ခိုက်တာကြောင့် အရပ်သား ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။