ရဲမာန်၊ ဖေဖော်ဝါရီ ၂၁ ရက်၊ မြစ်ကြီးနား
ကချင်ပြည်နယ် စီတာပူရပ်ကွက်မှာ သီတာအေးလမ်းမပေါ်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ မနက် ၁ နာရီဝန်းကျင်မှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) ၂၁ ကနေ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။
“အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးနဲ့ ကလေးတစ်ဦးထိတာပါ။ သုံးဦးစလုံး လက်တွေမှာ ထိတာ။ ဆေးရုံးတင်ထားပြီ။ စိုးရိမ်စရာမရှိဘူး”
မြောက်ပိုင်းတိုင်း(မပခ)က စီတာပူရပ်ကွက်ထဲ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့တဲ့အပြင် ရွှေညောင်ပင်ဘက်ကိုလည်း လက်နက်ကြီး ပစ်ခတ်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၂၀ မှာ ည ၉ နာရီဝန်းကျင်မှာ မြစ်ကြီးနားလေဆိပ်မှာ ဒရုန်းဗုံး ထပ်မံကျရောက်ပေါက်ကွဲမှုဖြစ်ပြီး လေယာဉ်ကွင်းထဲရှိ MNA လေယာဉ်ရဲ့ အမြီးပိုင်း ထိသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီကျရောက်ပေါက်ကွဲမှုကြောင့် ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး မြစ်ကြီးနားလေဆိပ်ကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်သွားမယ်လို့လည်း ဒေသခံတွေထံကနေ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။