ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၀ ရက်
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS ရဲ့ကောင်စီကွန်ကရက်ကို ကျင်းပပြီး ဗိုလ်ချုပ်ကြီးယွက်စစ်ကို ဥက္ကဋ္ဌအဖြစ် ပြန်လည်တင်မြှောက်ခဲ့တယ်လို့ RCSS ဘက်က ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာသတင်းထုတ်ပြန်လာပါတယ်။
RCSS ရဲ့ နှစ်ပတ်လည်အစည်းအဝေးအပါအဝင်၊ ၄ကြိမ်မြောက် ကောင်စီကွန်ကရက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်ကနေ ၁၈ ရက်အထိ ကျင်းပခဲ့ပြီး တာဝန်ရှိ ၂၁၇ ဦးတက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
RCSS ရဲ့ နှစ်ပတ်လည်အစည်းအဝေးနဲ့ ကောင်စီကွန်ကရက်ရဲ့ ဆုံးဖြတ်ချက်အရ နိုင်ငံရေးပြသနာကို ဆွေးနွေးရေးနည်းလမ်းနဲ့ အခြားအဖွဲ့အစည်းတွေနဲ့အတူ အဖြေရှာသွားမယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
RCSS ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်- NCA မှာလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ် ဖြစ်ပါတယ်။
RCSSဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြသနာကိုတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသွားမယ်လို့ မကြာခဏ ထုတ်ဖော်ပြောဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။