ဓာတ်ပုံ – ဖြူစင်မေတ္တာသွေးအလှူရှင်အသင်း

ဝတ်မှုံ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ နမ့်ခမ်း

တအာင်းတပ် TNLA ထိန်းချုက်ထားတဲ့ နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ်ကွက်မှာ သေဆုံးနေတဲ့ အမျိုးသားအလောင်းတစ်လောင်းတွေ့ခဲ့တယ်လို့ ဖြူစင်မေတ္တာသွေးအလှူရှင်အသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ​အောင်မေတ္တာ လမ်းသွယ်(၈)မှာ သေဆုံးနေတဲ့ ခန့်မှန်းချေ အသက် ၄၅ နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ရဲ့ရုပ်အလောင်းကို ဒေသခံတွေက တွေရှိပြီး အကြောင်းကြားခဲ့တာကြောင့် သွားရောက်သယ်ဆောင်သွားခဲ့တာဖြစ်ပြီး ဘာကြောင့်သေဆုံးသွားလဲဆိုတာ မသိရသေးဘူးလို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

“ခန္ဓာကိုယ်မှာတော့ ဘာဒဏ်ရာမှ မတွေ့ဘူး။ ခန့်မှန်းကြည့်ရသလောက်တော့ သွေးတို့တက်ပြီး လဲကျသေဆုံးတဲ့ ပုံစံမျိုးပဲဖြစ်ဖို့များပါတယ်”

လက်ရှိအချိန်ထိ အဲဒီအမျိုးသားရဲ့ နာမည်နဲ့ နေရပ်လိပ်စာကို မသိရသေးပဲ အလောင်းကိုတော့ နမ့်ခမ်းပြည်သူ့ဆေးရုံရဲ့ ရင်ခွဲရုံမှာ ပို့ဆောင်ထားတယ်လို့ဆိုပါတယ်။

အဆိုပါ အမျိုးသားကို သိရှိသူတွေအနေနဲ့ နမ့်ခမ်းပြည်သူ့ဆေးရုံမှာ လာရောက်စုံစမ်းကြည့်ရှု့နိုင်တယ်လို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။