ဓာတ်ပုံ – CJ

အလင်း၊ ဖေဖော်ဝါရီ ၁၄ ရက်၊ ဖလမ်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီ စခန်းကုန်းတစ်ခုကို ချင်းကာကွယ်ရေးတပ်တွေက သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

ဖလမ်းမြို့နယ်၊ Tuphei ရွာနဲ့ Lumbang ကျေးရွာအကြားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို ဒီနေ့ ဖေဖော်ဝါရီလ ၁၄ ရက် မနက် ၁ နာရီဝန်းကျင်မှာ ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“စစ်ကောင်စီ ယာယီ ခြေကုတ်နေရာယူထားတဲ့ စခန်းကုန်းကို ဝင်တိုက်တာပါ။ စခန်းကုန်းထိ ဝင်ရောက်နိုင်ခဲ့ပါတယ်။ စစ်ကောင်စီဘက် စစ်သုံးပန့်နှစ်ဦး ဖမ်းမိတယ်။ ထိခိုက်သေဆုံးမှုလည်း များတယ်။ လက်နက်ခဲယမ်း ၁၁ လက် သိမ်းဆည်းရမိခဲ့တယ်”လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် မနေ့ ဖေဖော်ဝါရီ ၁၃ ရက် ညမှာလည်း ဖလမ်းမြို့နယ်၊ မဏိပူရ်မြစ်ကမ်းဘေးမှာ ချင်းကာကွယ်ရေးတပ်တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖွတ်ထားတဲ့ လက်နက်ခဲယမ်းတွေကို ထပ်မံ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

“မဏိပူရ်မြစ်ဘေးမှာ ညက နယ်မြေရှင်းရေး လုပ်တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖွတ်ထားခဲ့တဲ့ ၁၂၂ မမ ရှော့တိုက်ဒုံး၊ ၁၂၀ မမ၊ ၈၁ မမ၊ RPG ဗုံးသီးတွေ သိမ်းဆည်းရမိပါတယ်။ အရေအတွက် အသေးစိတ်ကိုတော့ မသိရသေးဘူး။” လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

ဖလမ်းမြို့နယ်မှာ ဖြစ်ပွားတဲ့ ၄ လကျော် တိုက်ပွဲတွင်း အရာရှိ ၉ ဦးအပါဝင် ၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဖလမ်းမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်ဟာ အထိနာများသလို ကလေးမြို့ကနေလည်း တပ်အင်အားတွေ ဆက်တိုက် ဖြည့်တင်းထားပြီး လက်ရှိမှာလည်း နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။