ဓာတ်ပုံ – မနောမေတ္တာ နာရေးကူညီမှုအသင်း

မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တောင်ပြိုကျေးရွာမှာ ကလေးငယ် ၄ ဦးက ဆော့ကစားနေစဥ် မိုင်းပေါက်ကွဲပြီး ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ဖားကန့်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက် မနက် ၉ နာရီဝန်းကျင်မှာ တောင်ပြိုကျေးရွာ အိမ်ရှေ့ကုန်းပေါ်မှာ ဆော့ကစားနေစဥ် မိုင်းပေါက်ကွဲမှုဖြစ်ပွားတာဖြစ်ပြီး အသက် ၇ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး နောက်ကလေး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

မြေပြင်အခြေအနေသိရှိသူ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက “ကျနော်သိထားတာတော့ မိုင်းကြောင့်ပေါ့နော်။ ကြိုးမိုင်းကို တိုက်မိတာဖြစ်မယ်။ ထိသွားတဲ့ ကလေးတွေက ၇ နှစ်၊ ၈ နှစ်အရွယ်တွေပေါ့။ ၇ နှစ်အရွယ်ကလေးတော့ ဆုံးသွားတယ်။ ကျန်တဲ့ မိန်းကလေးတစ်ဦးနဲ့ ယောကျာ်းလေးတစ်ဦးတော့ ဒဏ်ရာပြင်းထန်တယ်။ နောက်တစ်ယောက်က နည်းနည်းဘဲထိတာ” လို့ ရွှေဖီမြေကို ပြောပါတယ်။

မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ အဲနေရာဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ စစ်ကောင်စီတပ်တွေ တပ်စွဲခဲ့တဲ့ နေရာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ပထမအပတ်ကစပြီး ဖားကန့်မြို့အနီးမှာ စစ်ကောင်စီနဲ့ ကချင်တပ်မတော် KIA အကြား တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့် ဒေသခံတွေ မကြာခဏ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်မှာလည်း ဖားကန့်မြို့ မရှီကထောင်ရပ်ကွက် ရွှေမြန်မာ ဆီဆိုင်လမ်းကြားမှာ လင်မယား ၂ ဦး မိုင်းနင်းမိပြီး အမျိုးသားဖြစ်သူ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်မှာလည်း မရှီကထောင်ရပ်ကွက်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။