ဓာတ်ပုံ – Local (ပုံဟောင်း)

‎ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ ဟိုပုံး

‎ရှမ်းတောင် ဟိုပုံးမြို့ရဲ့ စစ်ဆေးရေးဂိတ်မှာ ၁၃ မျဉ်းစောင်းမှတ်ပုံတင်ကိုင်တဲ့ ခရီးသွားအမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးထားကြောင်း ဖြစ်စဉ်ကို မြင်ခဲ့ရသူ ဟိုပုံးဒေသခံ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၅ နာရီ ဝန်းကျင်မှာ ဟိုပုံးရှိ စစ်ကောင်စီတပ်ရဲ့ ကွန်ပျူတာနဲ့ နည်းပညာကျောင်းရှေ့ရှိ စစ်ဆေးရေးဂိတ်မှာ ခရီးသည် ၆ ဦး ပါဝင်တဲ့ ကားတစ်စီးထဲမှ ၁၃/လရန (လားရှိုး) မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ ၃ ဦးသာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

‎”ကျနော် အဲနေ့က ဆိုင်ကယ်စီးလာရင်း တွေ့လို့ပါ။ လူရော၊ ပစ္စည်းရော အကြာကြီးဘဲ စစ်နေတာ ” လို့ ဟိုပုံးမြို့ခံ အမျိုးသားက ပြောပါတယ်။

‎စစ်ဆေးပြီးမှ စစ်ကားနဲ့ ရဲစခန်းဘက်ကို ပို့ဆောင်လိုက်တာကို မြင်တွေ့ခဲ့ရကြောင်း သူက ဆိုပါတယ်။

‎ဖမ်းဆီးခံရသူ အမျိုးသား ၂ ဦးဟာ အသက် ၃၀ ဝန်းကျင်ဖြစ်ပြီး အမျိုးမီးကတော့ ၂၀ ဝန်းကျင်သာ ရှိတယ်လို့ ပြောပါတယ်။

‎အဲဒီ ဖမ်းဆီးခံရသူတွေ ပြန်လွှတ်တာရှိမရှိ သိရဖို့ ဒေသခံတွေကို ဆက်သွယ်ခဲ့ပေမဲ့ လက်ရှိသတင်းရေးသားတဲ့ အချိန်အထိ မသိရှိရသေးပါဘူး။

‎အဲဒီဂိတ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁ ရက်ကလည်း ‎ကားဟွန်းတီးလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ကားသမားအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဝိုင်းရိုက်ခဲ့လို့ ဒဏ်ရာရခဲ့ပြီး ဆေးရုံတင်ခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။