ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၃ ရက်

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ဒေသမှာ ၎င်းတို့ တပ်သားတွေအပါအဝင် တခြားသော လက်နက်ကိုင်တပ်သားတွေက ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်ပြီး ရိုက်နှပ်နှိပ်စက်တာတွေရှိရင် ပြည်သူ့ဆက်ဆံရေးစင်တာ – PRC ကို တိုက်ရိုက်တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။

PRC ဟာ ပြည်သူလူထုနဲ့ PSLF/TNLA ရဲ့ ဗဟိုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ တိုက်ရိုက်ချိတ်ဆက်ပေးတဲ့ စင်တာတစ်ခုဖြစ်ပြီး တအာင်းဒေသအတွင်းရှိ မိဘပြည်သူတွေ အားလုံးရဲ့ အခြေခံ အခွင့်အရေးကို ကာကွယ်နိုင်ဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။

PRC ရဲ့ အဓိက လုပ်ငန်းစဉ်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ဒေသခံတွေရဲ့ အချက်အလက်၊ ကျူးလွန်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေကို ကောက်ယူစုဆောင်းခြင်းနဲ့ ဖြေရှင်းခြင်းတို့ ပါဝင်ပါတယ်။

ဒါ့အပြင် စစ်ဘေးသင့်တဲ့ ပြည်သူတွေရဲ့ စာရင်းတွေကို ကောက်ယူခြင်းနဲ့ ကူညီဆောင်ရွက်ခြင်း၊ သဘာဝဘေး၊ လူလုပ်သင့်ဘေး၊ တိုက်ပွဲ၊ လက်နက်နဲ့ ကြွင်းကျန်လက်နက်များကြောင့် ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးသွားတဲ့ ဒေသခံတွေနဲ့ ပြည်သူ့ပိုင် တိရိစ္ဆာန်တွေရဲ့ စာရင်းတွေကို ကောက်ယူပြီး မှတ်တမ်းယူ ကူညီပေးခြင်းတို့လည်း လုပ်ငန်းစဉ်တွေထဲမှာ ပါဝင်ပါတယ်။

ဒါကြောင့် တအာင်းဒေသထဲမှာ နေထိုင်ကြတဲ့ လူထုတွေအနေနဲ့ PSLF/TNLA ဗဟို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးကို မေးမြန်းလိုတာ၊ တင်ပြဖို့ လိုတာ၊ အဖွဲ့အစည်းရဲ့ မူဝါဒရပ်တည်ချက်နဲ့ လုပ်ဆောင်ချက်တွေကို သိလိုတာနဲ့ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုခုရဲ့ ဖိနှိပ်မှု၊ လူ့အခွင့်အရေးချိုးဖော်မှုတွေ ကြုံတွေ့ရတာရှိရင် ပြည်သူ့ဆက်ဆံရေးစင်တာ – (Public Relations Center – PRC) ကို ဆက်သွယ်တင်ပြနိုင်တယ်လို့ ဆိုပါတယ်။

ပြည်သူ့ဆက်ဆံရေးစင်တာကို လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက PSLF/TNLA ဗဟိုက ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ စင်တာရဲ့ လုပ်ငန်းစဉ်တွေ ရပ်တန့်ခဲ့ပေမဲ့ ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာတော့ လုပ်ငန်းစဉ်တွေ ပြန်လည် အကောင်အထည်ဖော်စပြုလာတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။