ဓာတ်ပုံ – CJ

အလင်း၊ ဖေဖော်ဝါရီ ၁၃ ရက်၊ ဟားခါး

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးအပါအဝင် ၃ ဦး သေဆုံးကာ ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် (ဟားခါး) က ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြည်သူလူထုထံမှ အတင်းအဓမ္မ ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ မော်တော်ယာဉ်ကို CDF-Hakha က မနေ့ ဖေဖော်ဝါရီ ၁၂ ရက် ည ၇ နာရီဝန်းကျင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ပြည်သူဆီက အတင်းအဓမ္မ ငွေကြေးတောင်းခံပြီး ပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကားကို မြို့တွင်း စစ်ဆင်ရေးအနေနဲ့ တိုက်ခိုက်ခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင် အရာရှိတစ်ဦးအပါ ၃ ယောက် သေဆုံးတယ်။ ၅ ယောက်ကတော့ ပြင်းထန်ဒဏ်ရာရတယ်လို့ ကြားတယ်။” လို့ CDF-Hakha ရဲဘော်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဟားခါးမြို့မှာ တာဝန်ကျတဲ့ ရဲအရာရှိတွေဟာ အလွန်ရိုင်းစိုင်း ကြမ်းတမ်းပြီး လက်အောက်ငယ်သားတွေကို မြို့တွင်းနေ ပြည်သူလူထုထံမှ တစ်နေ့ သိန်း ၃၀ ခန့် အတင်းတောင်းယူခိုင်းကာ ဗျူဟာမှူးကို ကန်တော့လေ့ရှိတယ်လို့ CDF-Hakha က ဆိုပါတယ်။

အခုလို စစ်ကောင်စီအနေနဲ့ ပြည်သူတွေထံမှ မတရားငွေကြေးကောက်ခံမှုတွေ ထပ်မံ ပြုလုပ်ပါက ယခုထက် ပိုမိုပြင်းထန်တဲ့ စစ်ဆင်ရေးတွေကို ဖော်ဆောင်သွားမယ်လို့ CDF-Hakha က သတိပေး ပြောဆိုထားပါသေးတယ်။

၎င်းတို့ တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီရဲ့ ဟားခါး ရုန်းတောင်ဗျူဟာကုန်းကနေ မြို့အနီးအနားရှိ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီးကျည်တွေ ရမ်းသမ်း ဆက်တိုက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းအထိ ဟားခါးမြို့အတွင်း စစ်ကောင်စီဘက်မှ လုံခြုံရေးတွေကို အထူးတင်းကျပ်ထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် မြို့ခံပြည်သူတွေမှာ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။