ဓာတ်ပုံ- Google (ပုံဟောင်း)

ပို့လဘား၊ ဇန်နဝါရီ ၂၁ ရက်၊ တန့်ယန်း

ရှမ်းမြောက် တန့်ယန်းမြို့မှာ စစ်ကောင်စီ လက်အောက်ခံ ခရိုင်ရဲတပ်ဖွဲ့က ကုန်တင်တဲ့ ကားသမားတွေဆီကနေ ငွေ သိန်း ၂၀ တောင်းခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်က ပန်ဆန်းကနေ တန့်ယန်းမြို့ဘက်လာတဲ့ ကုန်တင်ကားသမားတွေကို ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ငွေတောင်းခဲ့တာလို့ ဆိုပါတယ်။

“မုန်းကျိုင်းကနေ နမ့်ဟူးလွယ်ကာရွာ မဝင်ခင်မှာ သူတို့ ဖမ်းထားတာ။ ယာဉ် မောင်းလာတဲ့သူတွေက တရုတ်လူမျိုးတွေ။ တစ်စီးကို သိန်း ၂၀ တောင်းတယ်။ သူတို့ကားမှာ ဘာမှမပါဘူး။ ကား လာပြင်တာ ဖြစ်မယ်။ သူတို့ ညှိပြီး ပိုက်ဆံ ပေးလိုက်လို့ ပြန်လွှတ်ပေးလိုက်တာ။ ကားအသေးအကြီးတွေ အကုန်တောင်းတယ်”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကလည်း ပန်ဆန်းကနေ တန့်ယန်းမြို့ဘက်လာတဲ့ ကုန်တင်လာသူ တရုတ်နိုင်ငံသား ကားသမား ၂ ဦးကို ခရိုင်ရဲတပ်ဖွဲ့က သိန်း ၁၀၀ အထိ တောင်းခဲ့တယ်လို့ ၎င်းအမျိုးသားက ဆက်ပြောပါတယ်။

“သူတို့က တရားမဝင် ဝင်လာလို့တဲ့။ ကားကလည်း တရုတ်ကားဆိုပြီး လိုင်စင် မရှိဘူးတဲ့။ သူတို့ မက်သနော တင်လာတာကို အက်ဆစ် တင်လာတာဆိုပြီး ဖမ်းသွားတယ်။ သူတို့တောင်းတဲ့ပိုက်ဆံ မပေးနိုင်လို့ ဖမ်းထားတယ် အခုချိန်ထိ ပြန်မလွှတ်ပေးသေးဘူး”

ဒါ့အပြင် တန့်ယန်းကနေ မန္တလေးဘက် သွား‌နေတဲ့ ကုန်တင် ကားသမားတွေကိုလည်း စစ်တပ်က ငွေ ၃ သိန်းအထိ တောင်းနေတယ်လို့ ကားသမားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“သူတို့တခါတခါကောက်ရင် ၂ သိန်း၊ ၃ သိန်း ပေးရတယ်။ လားရှိုးနဲ့ မန္တ‌‌လေးဘက်သွားတဲ့ကားတွေ ခရီးသည်တွေဆို မြို့အဝင်မှာ သူတို့ကောက်တာ။ ဘယ်လောက် ပေးရလဲတော့ မသိဘူး။ ကျနော်တို့ ကုန်တင်တဲ့ ကားကျတော့ သူတို့ဆီ သွားပေးရတယ်”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်ကလည်း တန့်ယန်းမြို့ မြို့အဝင်မှာရှိတဲ့ စစ်တပ်က ဘိလပ်မြေ၊ အုတ်နီခဲ တင်တဲ့ ကားသမားတွေဆီကနေ ၉ သိန်း တောင်းခံခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။