ဓာတ်ပုံ- Google (ပုံဟောင်း)

ပို့လဘား၊ ဇန်နဝါရီ ၂၁ ရက်၊ တန့်ယန်း

ရှမ်းမြောက် တန့်ယန်းမြို့မှာ စစ်ကောင်စီ လက်အောက်ခံ ခရိုင်ရဲတပ်ဖွဲ့က ကုန်တင်တဲ့ ကားသမားတွေဆီကနေ ငွေ သိန်း ၂၀ တောင်းခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်က ပန်ဆန်းကနေ တန့်ယန်းမြို့ဘက်လာတဲ့ ကုန်တင်ကားသမားတွေကို ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ငွေတောင်းခဲ့တာလို့ ဆိုပါတယ်။

“မုန်းကျိုင်းကနေ နမ့်ဟူးလွယ်ကာရွာ မဝင်ခင်မှာ သူတို့ ဖမ်းထားတာ။ ယာဉ် မောင်းလာတဲ့သူတွေက တရုတ်လူမျိုးတွေ။ တစ်စီးကို သိန်း ၂၀ တောင်းတယ်။ သူတို့ကားမှာ ဘာမှမပါဘူး။ ကား လာပြင်တာ ဖြစ်မယ်။ သူတို့ ညှိပြီး ပိုက်ဆံ ပေးလိုက်လို့ ပြန်လွှတ်ပေးလိုက်တာ။ ကားအသေးအကြီးတွေ အကုန်တောင်းတယ်”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကလည်း ပန်ဆန်းကနေ တန့်ယန်းမြို့ဘက်လာတဲ့ ကုန်တင်လာသူ တရုတ်နိုင်ငံသား ကားသမား ၂ ဦးကို ခရိုင်ရဲတပ်ဖွဲ့က သိန်း ၁၀၀ အထိ တောင်းခဲ့တယ်လို့ ၎င်းအမျိုးသားက ဆက်ပြောပါတယ်။

“သူတို့က တရားမဝင် ဝင်လာလို့တဲ့။ ကားကလည်း တရုတ်ကားဆိုပြီး လိုင်စင် မရှိဘူးတဲ့။ သူတို့ မက်သနော တင်လာတာကို အက်ဆစ် တင်လာတာဆိုပြီး ဖမ်းသွားတယ်။ သူတို့တောင်းတဲ့ပိုက်ဆံ မပေးနိုင်လို့ ဖမ်းထားတယ် အခုချိန်ထိ ပြန်မလွှတ်ပေးသေးဘူး”

ဒါ့အပြင် တန့်ယန်းကနေ မန္တလေးဘက် သွား‌နေတဲ့ ကုန်တင် ကားသမားတွေကိုလည်း စစ်တပ်က ငွေ ၃ သိန်းအထိ တောင်းနေတယ်လို့ ကားသမားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“သူတို့တခါတခါကောက်ရင် ၂ သိန်း၊ ၃ သိန်း ပေးရတယ်။ လားရှိုးနဲ့ မန္တ‌‌လေးဘက်သွားတဲ့ကားတွေ ခရီးသည်တွေဆို မြို့အဝင်မှာ သူတို့ကောက်တာ။ ဘယ်လောက် ပေးရလဲတော့ မသိဘူး။ ကျနော်တို့ ကုန်တင်တဲ့ ကားကျတော့ သူတို့ဆီ သွားပေးရတယ်”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်ကလည်း တန့်ယန်းမြို့ မြို့အဝင်မှာရှိတဲ့ စစ်တပ်က ဘိလပ်မြေ၊ အုတ်နီခဲ တင်တဲ့ ကားသမားတွေဆီကနေ ၉ သိန်း တောင်းခံခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။