လွေးလာဝ်ဇာရ်၊ ဖေဖော်ဝါရီ ၁၂ ရက်၊ မောက်မယ်

ရှမ်းတောင် မောက်မယ်မြို့နယ်ထဲက ကျေးရွာ ၃ ရွာထဲကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ လက်အောက်ခံတပ်တဲ့ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့က လက်နက်ကြီးနဲ့ အသေခံဒရုန်း ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀ ကျော် ပျက်စီးသွားခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၁ ရက်မှာ ဗန်းမတ်ကျေးရွာထဲကို PNO အဖွဲ့ဘက်က အသေခံဒရုန်းနဲ့ လက်နက်ကြီးတွေပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲဒီ အသေခံဒရုန်းတစ်စီးကိုလည်း PNLA တပ်က ဖမ်းဆီးနိုင်ခဲ့လို့ ဆိုပါတယ်။

“ဗန်းမတ်ရွာထဲကို PNO အဖွဲ့တွေက အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကြီးတွေနဲ့လည်း တစ်နေ့လုံးနီးပါး ပစ်တယ်။ ပုံထဲက ကျနော်တို့သိမ်းမိရတဲ့ အသေဒရုန်းဘဲ ဖြစ်ပါတယ်” လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။

PNO အဖွဲ့မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ ဗန်းမတ်၊ မုဲင်းဟုဲင်းနဲ့ ဟမ်းဗွာကျေးရွာတွေထဲ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး စုစုပေါင်း နေအိမ် အလုံး ၂၀ ကျော် ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီကျေးရွာက ဒေသခံတွေလည်း ဘေးလွတ်ရာကို ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

“ဒါက တိုက်ပွဲဖြစ်ပွားတဲ့ဒေသလည်း မဟုတ်ဘူး။ ပြည်သူတွေနေတဲ့ ရွာကို အခုလို လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်နေတာဟာ မလုပ်သင့် မဖြစ်သင့်တဲ့ လုပ်ရပ်တွေကို အကြိမ်ကြိမ်ကျူးလွန်နေတာ ဖြစ်ပါတယ်။ ပြည်သူတွေလည်း ရွာထဲ မနေရဲကြတော့ဘူး။ တောတောင်တွေဘက် ထွက်ပြေးတိမ်းရှောင်နေရတယ်” လို့ ခွန်ရိန်းယံက ပြောပါတယ်။

အဲဒီဒေသမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသခံတွေ နေထိုင်တဲ့ ကျေးရွာထဲကို PNO အဖွဲ့ဘက်က အခုလို လက်နက်ကြီးနဲ့ ဒရုန်း ပစ်ခတ်တိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ဖြစ်ရပ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ပထမအပတ်ကလည်း စစ်ကောင်စီတပ်နဲ့ PNO အဖွဲ့တွေဟာ ခြိင်နန်ရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။