ဓာတ်ပုံ- Google (နယ်စပ်ဂိတ်အနီးမှာ တွေ့ရတဲ့ ကိုးကန့်တပ်ဖွဲ့- ပုံဟောင်း)

ခိုင်လေး၊ ဇန်နဝါရီ ၂၁ ရက်

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်တဲ့ ၂ဝ၂၄ ဇွန်လကစပြီး တရုတ်ဘက်က ၆ လကျော်ကြာ ပိတ်ထားတဲ့ တရုတ်နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေးလိုက်ပြီလို့ “ဝ”တပ်မတော်- UWSA ရဲ့ ဦးစီးချုပ်ရုံးမှ မနေ့ ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

ကိုးကန့်-တရုတ်နယ်စပ်ဂိတ်ဖြစ်တဲ့ ချင်းရွှေဟော်၊ လောက်ကိုင်အပြင် “ဝ”-တရုတ်နယ်စပ်က နမ့်တစ် (မန်ခါး)ဂိတ်တို့ကို မနေ့ကစပြီး ပြန်ဖွင့်ပေးခဲ့ကာ ဓာတ်ဆီလည်း ပြန်လည် တင်သွင်းနေပြီဖြစ်ကြောင်း ဒေသခံတွေဆီကတဆင့် သိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ ကွမ်းလုံမြို့မှ အမျိုးသမီးတစ်ဦးက “မနေ့က ပြန်ဖွင့်လိုက်တာ ကြားတယ်။ တရုတ်ဘက်ကနေ တရုတ်မုန့်တို့၊ ဘီယာတို့ စဝင်နေပြီ။ ချင်းရွှေဟော်၊ လောက်ကိုင်ဂိတ်လည်း ပြန်ဖွင့်ပြီ။ ဓာတ်ဆီ‌တွေလည်း ရောက်နေပြီ။ ဓာတ်ဆီဈေးတွေတော့ အတိအကျ မသိရသေးဘူး” လို့ ပြောပါတယ်။

ကိုးကန့်ဒေသနဲ့ “ဝ”ပြည်နယ် ဟိုပန်မြို့သို့ ဆက်သွယ်ထားတဲ့ ဖောင်ဆိပ်တံတားကနေလည်း မော်တော်ယာဉ်၊ လူနဲ့ ကုန်စည်ကို လွတ်လပ်စွာ သွားလာခွင့် ပြုလိုက်ကြောင်း တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာရုံးမှ အကြောင်းကြားစာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းကလွှဲပြီး လူသုံးကုန်ပစ္စည်းအားလုံးကို ပုံမှန်အတိုင်း ရောင်းဝယ်ဖောက်ကားနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက “ဟုတ်တယ် ဒီ‌နေ့(ဇန်နဝါရီ ၂ဝ ရက်)ဘဲ ပြန်ပွင့်လိုက်ပြီ။ ကန့်သတ်ချက်တွေလည်း ပယ်ဖျက်လိုက်ပြီ” ဆိုပြီး ရွှေဖီမြေကို အတည်ပြု‌ ပြောဆိုထားပါတယ်။

ကိုးကန့်တပ်- MNDAA နဲ့ စစ်ကောင်စီတို့အကြား တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်က တွေ့ဆုံဆွေးနွေးပြီးနောက် အပစ်အခတ် ရပ်စဲလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မော်နင်းက မနေ့ ဇန်နဝါရီ ၂၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ၂ ကြိမ်အတွင်း ရှမ်းမြောက်ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ် ၅ ခုဖြစ်တဲ့ ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုံးကိုးနဲ့ နမ့်ခမ်းဂိတ်တွေကို ညီနောင်မဟာမိတ် ၃ ဖွဲ့ထံ စစ်တပ်က လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။