ဓာတ်ပုံ – Google (ပုံဟောင်း)

ပို့လဘား၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ကမ္မ

မကွေးတိုင်း ပခုက္ကူခရိုင် ကမ္မမြို့ပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လို့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက် မနက် ၁၀ နာရီခွဲမှာ စစ်ကောင်စီတပ်က ကမ္မမြို့ရဲစခန်းကနေ ကမ္မမြို့ပေါ်ဈေးဘက်ကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ရဲစခန်းရဲ့ အရှေ့ဘက်ကို သူတို့လှမ်းပစ်လိုက်ဝာာ။ ဈေးက ရဲစခန်းအရှေ့ဘက်မှာ ရှိနေတာဆို‌တော့လေ။ အမျိုးသမီးနှစ်ယောက်က သူတို့ဈေးဆိုင်က ပစ္စည်းတွေကို ခိုးခံရမှာစိုးလို့ သွားကြည့်ဝာာ။ အဲချိန်မှာ စကစက လက်နက်ကြီးပစ်လာလို့ သူတို့နှစ်ယောက်ကို ထိသွားတယ်။ တယောက်သေပြီး တစ်ယောက်ဒဏ်ရာရတယ်”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကလည်း ကမ္မမြို့ ဈေးအနီးမှာ ကင်းလှည့်‌နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒေသခံ‌ရဲ့ နေအိမ်တစ်လုံး မီးရှို့ဖျက်ဆီးပြီး ဈေးဆိုင်အတွင်းက ကုန်ပစ္စည်းတွေကိုလည်း ခိုးယူနေတာရှိတယ်လို့ အဆိုပါအမျိုးသားက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်ကလည်း ကမ္မမြို့ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေရဲ့ နေအိမ် ၁၁ လုံးလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။