ဓာတ်ပုံ – Local (ပုံဟောင်း)

အလင်း၊ ဖေဖော်ဝါရီလ ၉ ရက်၊ ချင်းပြည်

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တို့ကို စစ်ကောင်စီက တစ်ရက်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး ၁ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မတူပီမြို့နယ်၊ ချန်းပြန်းရွာကို စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီလ ၈ ရက်၊ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားပြီး အရပ်သားထိခိုက် သေဆုံးမှုရှိသလို ကား၊ လူနေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

“ရွာမှာ တော်လှန်ရေးတပ်တွေ ဂိတ်ချတာ၊ စစ်ရေးလှုပ်ရှားတာလည်း မရှိဘဲ ဒီအတိုင်း ဗုံးကြဲသွားတာပါ။ ကလေးတစ်ယောက် ပွဲချင်းပြီး ဆုံးသွားတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ၁၀ ကျော်တယ်။ ကားတစ်စီး မီးလောင်ပြာကျသွားတယ်။ အိမ်တချို့ ပျက်စီးသွားတယ်။” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အလားတူ မင်းတပ်မြို့၊ စံပြရပ်ကွက်ကိုလည်း မနေ့ ဖေဖော်ဝါရီလ ၈ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းတိုက်ခိုက်တာကြောင့် ဂုဏ်စီခန်းမဆောင်၊ ဓမ္မရုံ၊ နေအိမ်တွေနဲ့ စျေးဆိုင်တွေ ပျက်စီးသွားပါတယ်။

“ဗုံးသီးနှစ်လုံး ကြဲတာပါ။ မြို့မဈေးနဲ့ ဘဏ်ရုံးကြားမှာရှိတဲ့ ဓမ္မာရုံရှေ့ ကျရောက်ပေါက်ကွဲခဲ့တယ်။ လူထိခိုက်မှုတော့ မရှိဘူး။ ဓမ္မရုံ၊ ခန်းမဆောင်၊ စျေးဆိုင်တွေ၊ အိမ်တွေ ပျက်စီးသွားပါတယ်။” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် ကန်ပက်လက်မြို့၊ မြို့မရပ်ကွက် (၂) အရှေ့ဘက်ခြမ်းကိုလည်း မနေ့ ဖေဖော်ဝါရီလ ၈ ရက် မနက် ၉ နာရီ ၃၀ မိနစ်ခန့်မှာ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လေကြောင်းကနေ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်သွားပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ခြောက်ခန်းတွဲ နှစ်ထပ်ဆောင် ကမ္ဘာလှည့်ခရီးသွား အဆောက်အအုံ ပျက်စီးသွားခဲ့သလို အရပ်သား လူနေအိမ် ၅ လုံးခန့်လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။