ဓာတ်ပုံ – The Kokang (ပုံဟောင်း)

မိုင်းဖိူမ်းဆငဲ၊ ဖေဖော်ဝါရီ ၄ ရက်၊ လားရှိုး

ကိုးကန့်တပ် – MNDAA က ကိုးကန့်ရိုးရာ “တာကျောင်” ပူဇော်ပွဲ အထိမ်းအမှတ်အနေနဲ့ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ၅၀၀ ကို ပြန်လွှတ်ပေးမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ စစ်သုံ့ပန်း ၅၀၀ ထဲက ၂၀၀ ဝန်းကျင်ကို MNDAA က စစ်ကောင်စီတပ်နဲ့ လားရှိုးမြို့ ဆင် ၂ ကောင် ဟိုတယ်မှာ တွေဆုံဆွေးနွေးမှုအပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက် ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုးကန့်တပ်နဲ့ နီးစပ်သူတစ်ဦးဆီကနေ သိရပါတယ်။

“ဟုတ်တယ် ခွဲပြီးလွှတ်ပေးတာ။ ၆ ရက်နေ့ကျရင် ၂၀၀ ကျော် ပြန်လွှတ်မယ်” လို့ ဆိုပါတယ်။

ပြန်လွှတ်ပေးတဲ့ စစ်သုံ့ပန်းတွေဟာ အသက် ၄၅ နှစ်အရွယ်အထက်ရှိတဲ့ စစ်သုံ့ပန်းတွေဖြစ်ကြသလို ၂ နှစ်ပြည့်ရင် MNDAA က ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေ အကုန်ပြန်လွှတ်ပေးဖို့ စီစဉ်ထားတာ ကြားသိရတာကြောင့် ဘယ်လိုအကြောင်းဖြစ်ဖြစ် ပြန်မလွှတ်ပေးသင့်ဘူးလို့ သူက ဆက်ပြောပါတယ်။

“ဝေဖန်တဲ့ သူတွေလည်း မှန်တယ်။ ကျနော်တို့ကတော့ မလွှတ်စေချင်ဘူး။ သူတို့ ဘာတွေညှိနှိုင်းပြီး ပြန်လွှတ်ပေးလဲတော့ မသိဘူး။ စကစ ဖမ်းထားတဲ့ ကျနော်တို့ ဘက်တော်သားတွေကျ‌ အဲလိုညှိနှိုင်းမှုမျိုးနဲ့ ပြန်လွှတ်ပေးတာမှ မဟုတ်တာ။ တချို့ဆို တစ်သက်တစ်ကျွန်း ဘယ်အချိန်မှ ပြန်လွှတ်ပေးမယ် မသိသေးဘူး”

MNDAA က စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ၂၀၀ ကို ပြန်လွှတ်ပေးပြီးတဲ့နောက်ပိုင်း ဖေဖော်ဝါရီလကစပြီး ၎င်းတို့ ဖယ်ရှားပေးထားတဲ့ မယ်ဟန်ဂိတ်အပါအဝင် လားရှိုး – သီပေါကြားထဲမှာရှိတဲ့ ဂိတ်တွေမှာ ပြန်လည် အထိုင်ချခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။