ဓာတ်ပုံ- MNDAA

ရွှေဖီမြေ၊ ဇန်နဝါရီ ၂၀ ရက်

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ ကိုးကန့်တပ်မတော်- MNDAA တို့အကြား အပစ်ရပ်ဖို့ သဘောတူလိုက်ကြောင်း တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မော်နင်းက ဒီနေ့ ဇန်နဝါရီ ၂၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလာပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်မှာ ကိုးကန့်တပ်နဲ့ စစ်တပ်တို့အကြား တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်ကစပြီးတော့ အပစ်ရပ်ဖို့ သဘောတူခဲ့ကြရာ နှစ်ဖက်တပ်အကြား သဘောတူညီမှုအသေးစိတ်ကို မော်နင်းက ထည့်သွင်းပြောဆိုတာ မရှိသေးပါဘူး။

တစ်ဖက်မှာလည်း ကိုးကန့်တပ်အနေနဲ့ လားရှိုးမြို့ကနေ ပြန်ဆုတ်ရမယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေပြီး ရွှေဖီမြေအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကိုးကန့်တပ်နဲ့ စစ်တပ်တို့အကြား အပစ်ရပ်ဖို့ သဘောတူညီပြီးနောက် ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြစ်တဲ့ ချင်းရွှေဟော်နဲ့ ရန်လုံကျိုင်းနယ်စပ်ဂိတ်ကို တရုတ်ဘက်က ပြန်ဖွင့်ထားသလို ကိုးကန့်နဲ့ “ဝ”ဒေသကြား ကုန်စည်သယ်ယူခွင့်ကိုလည်း ပြန်လည် ခွင့်ပြုပြီလို့ UWSA က ထုတ်ပြန်ထားပါတယ်။

ကိုးကန့်တပ်နဲ့ စစ်တပ်တို့အကြား အပစ်ရပ်ဖို့ သဘောတူခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့အပါအဝင် လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ တာမိုးညဲ၊ သိန္နီ၊ မုံးကိုးနဲ့ ပန်ဆိုင်း(ကြူကုတ်) စတဲ့မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။