ရွှေဖီမြေ၊ ဇန်နဝါရီ ၂၉ ရက်၊ မိုးမိတ်

တရုတ်အကူအညီနဲ့ ပြန်ရခဲ့တဲ့ ရှမ်းမြောက် မိုးမိတ်မြို့မှာ စစ်ကောင်စီတပ်က ၂ လနီးပါးကြာတဲ့အထိ အုပ်ချုပ်ရေးလုပ်ငန်းတွေ မလည်ပတ်နိုင်သေးဘူးလို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

“အခုထိ ဘာမှ မလည်ပတ်နိုင်သေးဘူး။ နောက်လကျရင် လာမယ်လို့ ကြားတယ်။ မြို့ထဲမှာတော့ တချို့က ပြန်လာကြတယ်။ မြို့ခံတွေအားလုံးတော့ ပြန်မလာနိုင်သေးဘူး” လို့ မိုးမိတ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မိုးကုတ် – မိုးမိတ်လမ်းပိုင်းကို နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီး ၎င်းရဲ့ လက်အောက်ခံဝန်ထမ်းတွေကို ခေါ်ဆောင်လာနိုင်တဲ့ အခြေအနေမှာ မရှိသေးဘူးလို့ သိရပါတယ်။

မိုးကုတ်နဲ့ မိုးမိတ်ကြားမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေသလို မိုးမိတ်မြို့ပြင်မှာလည်း ကချင်တပ်မတော်- KIA က တပ်စွဲထားပါတယ်။

မန္တလေးတိုင်း မိုးကုတ်မြို့မှာတော့ စစ်ကောင်စီတပ်က Non CDM ဝန်ထမ်းတွေကို ခေါ်သွင်းနေပြီး အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ မိုးကုတ်ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။