ရွှေဖီမြေ၊ ဇန်နဝါရီ ၂၈ ရက်၊ ကျိုက်ထို

ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူ(သထုံ)ခရိုင်၊ ကျိုက်ထိုမြို့နယ်နဲ့ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ထပ်မံသေဆုံးသွားခဲ့တယ်လို့ KNU က မနေ့ ဇန်နဝါရီ ၂၇ ရက် ညမှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက် ည ၉ နာရီခွဲဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိပဲ စစ်ကောင်စီရဲ့ (အမှတ်-၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက်ရှိ ခြေမြန်တပ်ရင်း (ခမရ-၃) ကနေ ကျိုက်ထိုမြို့နယ် အလူးကြီးရွာ၊ ဝါးသိမ်ရွာနဲ့ ညောင်ထောက်ရွာဘက်ကို (၁၂၀) မမ လက်နက်ကြီး (၃) လုံးပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီလက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၃ နှစ်အရွယ် မိုးရွှေစင်နဲ့ အသက် ၅၉ နှစ်အရွယ် နော်အေးဝင်းတို့ လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့ပြီး အသက် ၂၇ နှစ်အရွယ် နော်သော်တာ ဆိုသူရဲ့ ညာလက်မောင်းမှာ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်ညမှာလည်း လယ်ဒိုမြို့နယ် ကွီးလါးကျေးရွာထဲကို တောင်ငူလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံး ၆ လုံးကြဲချခဲ့တာကြောင့် အသက် ၇ နှစ်အရွယ် စောအယ်လောလမူး ထိမှန်သေဆုံးခဲ့ပြီး အသက် ၉ နှစ်အရွယ် စောအယ်နားဒိုမူး၊ ၁၃ နှစ်အရွယ် စောအယ်မူးခီသောနဲ့ ၁၁ နှစ်အရွယ် စောအယ်လဲပွယ်မူးတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ၆ လုံးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။